ကလေးမြို့ စစ်အုပ်စုတပ် စစ်ကြောရေး၌ ချင်းလူငယ်တစ်ဦး သေဆုံး

ကလေးမြို့ စစ်အုပ်စုတပ် စစ်ကြောရေး၌ ချင်းလူငယ်တစ်ဦး သေဆုံး
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang (ပါးဒိုဆျန်မန်) သည် စစ်အုပ်စုတပ်၏ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် စစ်ကြောရေး၌ သေဆုံးခဲ့သည်။

ချင်းလူငယ် Pa Do Sian Mang (ပါးဒိုဆျန်မန်) ၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang (ပါးဒိုဆျန်မန်) သည် ချင်းပြည်၊ တီးတိန်မြို့နယ်၊ Heilei (ဟေလေ) ကျေးရွာဇာတိ ဖြစ်ပြီး ကလေးမြို့၌ အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

၎င်းသည် ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အငှားယာဉ်မောင်းနေစဉ် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စစ်အုပ်စု တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။

မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက “အခုသေဆုံးသူက ပစ္စည်းတွေ သွားပို့ရင်းနဲ့ ဖမ်းဆီးခံရတာ ဖြစ်တယ်။ ဖမ်းဆီးခံရတုန်းက သူ့သူငယ်ချင်းတွေလည်း ပါတယ်။ တချို့က ပြန်လွတ်မြောက်လာ ကြပေမယ့် Pa Do Sian Mang ကတော့ မလွတ်မြောက်ဘဲ စစ်ကောင်စီရဲ့ ရိုက်နှက်စစ်ဆေးတာတွေခံရပြီး အဲဒီဒဏ်ရာနဲ့ သေဆုံး သွားတာ ဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ကမူ Pa Do Sian Mang (ပါးဒိုဆျန်မန်) သေဆုံးမှုနှင့် ပတ်သက်၍ နှလုံးရပ်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့သည့်အပြင် သေဆုံးသူ၏ ရောဂါစစ်ဆေးရန် အကြောင်းပြ ချက်ဖြင့် ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြော သည်။

ချင်းလူငယ် Pa Do Sian Mang (ပါးဒိုဆျန်မန်) ကို နှလုံးရပ်သေဆုံးခြင်းဖြစ်ကြောင်း စစ်အုပ်စုတပ်ဘက်က ပြောဆိုသော်လည်း သေဆုံးသူ၏ ရုပ်အလောင်း တစ်ကိုယ်လုံးတွင် ထိခိုက်ဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...