မိုးတွင်းကာလရောက်သော်လည်း စစ်ဘေးရှောင်များ သောက်သုံးရေ ဝယ်ယူသုံးစွဲနေရ

မိုးတွင်းကာလရောက်သော်လည်း စစ်ဘေးရှောင်များ သောက်သုံးရေ ဝယ်ယူသုံးစွဲနေရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင် မိုးရေကို သိုလှောင်အသုံးပြုနေကြသော်လည်း ချက်ပြုတ်စားသောက်ရေးနှင့် သောက်သုံးရေအတွက် လုံလောက်မှု မရှိခြင်းကြောင့် ရေကို ဝယ်ယူအသုံးပြုနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်စခန်း ၄ ခုနှင့် ကျေးရွာ ၄ ရွာတို့တွင် ရေရှားပါးသည့် နွေရာသီကတည်းက စတင်ကာ လက်ရှိ မိုးတွင်းကာလ အထိ သောက်သုံးရေကို ငွေကြေးအကုန်အကျခံ ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “မိုးရွာတာလည်းရွာတယ်၊ ဒါပေမဲ့ ဖွဲပဲဖွဲတယ်။ ချောင်းရေကိုသုံးမယ်ဆိုလည်း ချောင်းရေက တောင်ကျရေတွေ စီးလာတော့လည်း တော်တော်လေးကို မကောင်းခါကျတော့ အဲ့ဒီမှာ ကျမတို့ အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သွားတယ်ပေါ့နော်။ မိုးကြီးသွားရင်တော့ ပိုကောင်းတာပေါ့၊ ဝယ်ရတာ သက်သာ တာပေါ့” ဟု ပြောသည်။

စစ်ဘေးရှောင်စခန်း အနီးရှိ ချောင်းရေကို ရေချိုးခြင်းနှင့် အဝတ်လျှော်ဖွပ်ခြင်းတို့ အတွက် နေ့စဉ်အသုံးပြု နေရသော်လည်း ရေအသုံးအနှုန်းနှင့် ပတ်သက်၍ အခက်အခဲများစွာ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“ချွေတာရတယ်။ အဝတ်လျှော်တာတောင်မှ နှစ်ရက်သုံးရက်မှ တစ်ခါလျှော်တယ်။ နောက်ဆုံးလျှော်တဲ့ရေကို ပြန်သိမ်းထားပြီးတော့ ဖိနပ်နဲ့ဆေးလို့ရရင် ဆေးတယ်၊ တခြားဟာနဲ့ ဆေးလို့ရသေးတဲ့ဟာတွေကို လိုက်ဆေးရ တယ်ပေါ့။”

မိုးရေကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်သော်လည်း ရေချိုးခြင်းနှင့် ကိုယ်လက်သန့်စင်ခြင်းများ ပြုလုပ်ရာ တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၌ ခြေလက်ကိုက်ခဲခြင်းနှင့် ဖျားနာခြင်းများ ဖြစ်ပွားတတ်သဖြင့် ကျန်းမာရေး ထိခိုက်လာမည်ကို စိုးရိမ်ပူပန်နေကြရသည်။

ယခုကဲ့သို့ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် စစ်ဘေးရှောင်များအတွက် ရေလှူဒါန်းပေး နိုင်မည့် အလှူရှင်များ အရေးပေါ် လိုအပ်လျက်ရှိသည်။

လက်ရှိတွင် ရေတစ်စီးလျှင် ထော်လာဂျီခ သုံးစွဲ၍ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ဝယ်ယူနေရပြီး ဓာတ်ဆီဈေးနှုန်း အတက်အကျအပေါ် မူတည်ကာ ရေဈေးနှုန်းလည်း အပြောင်းအလဲ ရှိနေကြောင်း စစ်ရှောင်များက ပြောသည်။

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...