နေရပ်ပြန်သွားတဲ့ ဖလမ်းပြည်သူတွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာနဲ့ အကြောင်းရင်းမသိ သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပွား

နေရပ်ပြန်သွားတဲ့ ဖလမ်းပြည်သူတွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာနဲ့ အကြောင်းရင်းမသိ သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပွား

- ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ဘေးရှောင်ပြည်သူတွေ ပြန်လာဖို့ ဖိတ်ခေါ်မှုတွေပြုလုပ်နေပေမဲ့ လက်တွေ့မှာ နေရပ်ပြန်သွားတဲ့ပြည်သူတွေဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာနဲ့ အကြောင်းရင်းမသိ သေဆုံးတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတယ်လို့ ဖလမ်းမြို့ခံတွေက ပြောပါတယ်။

- ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒေသခံပြည်သူ ၃ ဦးကို သတ်ဖြတ်ဖို့အတွက် အမိန့်ပေးစေခိုင်းခဲ့တဲ့ အမှတ် ၁၄ ရဲတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်အောင်နဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိတို့ မြို့တွင်းစစ်ဆင်ရေးတစ်ခုရဲ့ပစ်ခတ်မှုအတွင်း သေဆုံးသွားတယ်လို့ CDF - ဟားခါးတပ်ဖွဲ့က ပြောပါတယ်။

- အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းတံတား မိုင်းခွဲဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ပြီး တစ်လကျော်အကြာ ပြန်လည်ပြုပြင်မှုတွေလုပ်ဆောင်ပြီးနောက် လက်ရှိမှာ ခရီးသွားကားတွေနဲ့ ကုန်စည်ပို့ဆောင်တဲ့ကားတွေ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ တီးတိန်ဒေသခံတွေက ပြောပါတယ်။ 

Most read this week

August 14, 2026
- အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်ကစတင်ပြီး ချင်း၊ ကချင်၊ စစ်ကိုင်းတို့မှာ double tap လို့ခေါ်တဲ့ “...
August 13, 2026
- ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကလေးငယ်တွေ အရေပြားယားနာမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး...
August 13, 2026
- မြစ်ကြီးနားမြို့မှာ ဝက်တွေ ရုတ်တရက် အဖျားကြီးပြီး ဝမ်းပျက်ဝမ်းချုပ်တာတွေဖြစ်ကာ သေဆုံးတာတွေ...
August 12, 2026
- အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ပိုမိုရရှိရေးနဲ့ ကရင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်...