တောင်ကြီးရောက်စစ်ရှောင်များ လျှပ်စစ်မီးရရှိရေး ကျပ်သိန်း ၃၀ အထိ တောင်းခံခံရ

တောင်ကြီးရောက်စစ်ရှောင်များ လျှပ်စစ်မီးရရှိရေး ကျပ်သိန်း ၃၀ အထိ တောင်းခံခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ငွေကျပ်သိန်း ၃၀ အထိ ပေးဆောင်နေကြရသည်။

တောင်ကြီးမြို့နယ်အတွင်းရှိ နောင်ကား၊ တံတားမီးလောင်၊ ဒုံခရာနှင့် ညိုမီးကျေးရွာများတွင် ကရင်နီပြည်မှ ရောက်ရှိလာသော စစ်ဘေးရှောင်များ ရှိနေပြီး၊ ၎င်းတို့၏ နေအိမ်များအတွက် လျှပ်စစ်မီးရယူရာတွင် ငွေကျပ် သိန်း ၃၀ အထိ အဆမတန် တောင်းခံခံရသဖြင့် လတ်တလောတွင် ဆိုလာပြားများကိုသာ အားကိုး အသုံးပြုနေရ သည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “လျှပ်စစ်မီးယူမယ်ဆို သိန်း (၃၀) ကုန်မယ်လို့ ပြောတယ်။ သူတို့ ဒေသခံ တွေယူရင်တော့ ဆယ်သိန်းလောက်ပဲ ကုန်တာ။ ကျမတို့က မီးမယူနိုင်ဘူး ဆိုလာနဲ့ပဲ သုံးနေရတာ။ ဆိုလာ အားမရှိရင်တော့ ဖယောင်တိုင်မီးကို အားကိုးနေရတာ” ဟု ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်များသည် ဒေသတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသောကြောင့် ကြုံရာအလုပ် များကိုသာ လုပ်ကိုင်နေရပြီး၊ တောင်းခံသည့် ငွေကျပ်သိန်း ၃၀ သည် စစ်ဘေးရှောင်မိသားစုများအတွက် နှစ်ဝက်စာ (၆ လစာ) စားသောက်စရိတ်နှင့် ညီမျှနေကြောင်း ၎င်း စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။

တောင်ကြီးမြို့ပေါ်နှင့် ၎င်း၏အနီးဝန်းကျင်သို့ ရောက်ရှိလာသော စစ်ဘေးရှောင်များသည် ဧည့်စာရင်းကို တစ်လ လျှင် တစ်ကြိမ် မဖြစ်မနေ တိုင်ကြားနေရပြီး၊ တစ်ကြိမ်တိုင်လျှင် ကျပ်ငွေ သုံးသောင်းအထိ ပေးဆောင်နေရ ကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်ရှောင်တွေနေတဲ့ နေရာဆို သူတို့က သီးသန့်ထားတာ ကိုယ်နေတဲ့ ရပ်ကွက်၊ ကျေးရွာမှာဆို စစ်ရှောင်ကိုဆို ခွဲခြားလိုက်သေးတယ်၊ ရပ်ကွက်ရုံးတို့ အုပ်ချုပ်ရေးမှူးတွေဆို ဧည့်စာရင်းကို တစ်လတစ်ခါ တိုင်ရမယ်ပြော ထားတယ် တစ်ခါသွားတိုင်ရင် ကျပ် သုံးသောင်းပေးရတယ်၊ တစ်ခါတလေဆို စစ်မှုထမ်းကြေးလည်း လာ ကောက်တယ်။”

စစ်ဘေးရှောင်များသည် ရပ်ကွက်အချို့ရှိ မြို့ခံများ၏ ခွဲခြားဆက်ဆံမှုများနှင့် လုပ်အားခ ခေါင်းပုံဖြတ်မှုများကို လည်း သည်းခံနေရပြီး၊ ၎င်းတို့၏ ဇာတိနယ်မြေဖြစ်သည့် ကရင်နီပြည်သို့ မပြန်ရသည်မှာ ၄ နှစ်ခန့် ရှိပြီဖြစ် သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် စစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ကရင်နီပြည်မှ ပြည်သူထောင်နှင့်ချီကာ စစ်ဘေး တိမ်းရှောင်ခဲ့ကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်တပ်က ကရင်နီပြည်၊ လွိုင်ကော်မြို့ မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် အတင်းအကျပ် ဖိအားပေးခဲ့သဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်ခဲ့ကြရ သည်။

ယခုလက်ရှိ တောင်ကြီးမြို့နယ်တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်များကိုလည်း စစ်တပ်က နေရပ်ပြန်ရန် ဆက်လက် ဖိအားပေးနေပြီး၊ ပြန်မလာပါက အိမ်ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်လျက်ရှိသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...