တပ်ရင်းမှူးတစ်ဦးလုပ်ကြံခံရမှုကို စုံစမ်းအရေးယူဖို့ NUG ကို တောင်းဆို

တပ်ရင်းမှူးတစ်ဦးလုပ်ကြံခံရမှုကို စုံစမ်းအရေးယူဖို့ NUG ကို တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ မကြာသေးမီ အခုလဇွန်(၂၆)ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရတဲ့ အမှုကို သေချာအရေးယူပေးဖို့ အမှတ်(၁)စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ထုတ်ပြန်ပြောတောင်းဆိုထားပါတယ်။

တပ်ရင်းမှူးက ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးလုပ်ဖို့ စောင့်နေတဲ့အချိန် လုပ်ကြံခြင်းခံခဲ့ရတာဖြစ်တာကြောင့် NUG အနေနဲ့ လုပ်ကြံသူတို့ကို ထိထိရောက်ရောက်သမာသမတ်ကျကျအရေးယူပေးဖို့ ပြောထားပါတယ်။

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ဦးစီးပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ တပည့်ဖြစ်သူက ပုလဲမောင်ကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုအသေးစိတ်ခြေအနေများကိုတော့ NUG ဘက်ကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အဆိုပါလုပ်ကြံခဲ့သူကို အချုပ်ထောင်အတွင်းထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ PDF စစ်ရုံးချုပ်က လုပ်ကြံခံရတဲ့ညမှာပဲ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခေါင်းဆောင်ဗိုလ်စွမ်းသူမောင်အပါအဝင် တပ်ဖွဲ့ဝင်အချို့တို့ကိုလည်း လက်နက်ဖြုတ်သိမ်းထားပြီး စုံစမ်းစစ်ဆေးရေးတွေပြုလုပ်ဖို့ ခေါ်ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းက ခရိုင်တပ်ရင်းအသီးသီးကလည်း တပ်ရင်း(၆)အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့ပြီး အရေးယူမှုတွေ သေချာပြုလုပ်ပေးဖို့ NUG ကို တောင်းဆိုထားကြတာပါ။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...