ဖရူဆိုမှာ ကျေးရွာအနီးကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲနေ

ဖရူဆိုမှာ ကျေးရွာအနီးကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲနေ

ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ယခုရက်ပိုင်းအတွင်း  စစ်အုပ်စုက ဒရုန်းဗုံးသီးတွေနဲ့ မကြာခဏ လာရောက်ပစ်ချနေတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဒရုန်းဗုံးနဲ့ခပ်စိပ်စိပ် လာရောက်ပစ်ချနေတာရှိပြီး တဖြေးဖြေး ကျေးရွာတွေနဲ့ ပိုမိုနီးကပ်လာတာကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်မှု ရှိနေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“အခုက ကျနော်တို့ခြံထဲ အလုပ်သွားတဲ့အချိန်တွေမှာ ကျနော်တို့အတွက် လုံခြုံမှု မရှိတော့ဘူး။ ကျနော်တို့ မလုပ်ဘူးဆိုလည်း လုပ်ဖို့လိုတယ်။အမြဲတမ်း ဒရုန်းနဲ့ လာပစ်ခံရတယ်ပေါ့နော်။ အခုနောက်ပိုင်း လာပစ်ချတာက ကျေးရွာတွေနဲ့  ပိုပိုပြီးတော့ နီးလာတယ်။ ကျနော်တို့အတွက် ပိုပြီးတော့ အန္တရာယ် များလာတယ်” လို့ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒေသခံတွေ တောင်ယာခြံထဲ စိုက်ပျိုးရေးလုပ်ကိုင်နေချိန် စစ်အုပ်စုရဲ့ ရှေ့ကာကင်းတပ်တွေက နေ့စဉ်ရက်ဆက် ဒရုန်းနဲ့ကင်းထောက်မှုတွေ ၊ ဗုံးကြဲမှုတွေကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာတရွာကတော့ စစ်အုပ်စုရဲ့ ဒရုန်းတိုက်ခိုက်မှုကို (၄) ကြိမ် ဆက်တိုက်ခံရတဲ့အပြင် လက်နက်ကြီး ပစ်ခတ်မှုတွေပါရှိနေပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာတော့ ကျေးရွာပေါင်း ၂၀ နီးပါး ရှိပြီး လူဦးရေ ၄ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...
ထွန်းမြန်မာဒိုနေးရှင်း
August 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့်...
August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...