ထိုင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရတဲ့ ကရင်နီဒုက္ခသည် ၅၀၀ ကျော်ရှိလာ

ထိုင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရတဲ့ ကရင်နီဒုက္ခသည် ၅၀၀ ကျော်ရှိလာ

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်းမှာ ထိုင်းအစိုးရက တရားဝင်ခွင့်ပေးပြီးနောက် အလုပ်ထွက်လုပ်သူ ၅၅၀ ဦး ရှိလာတယ်လို့ စခန်းကော်မတီဝင်တစ်ဦးက ဇွန်လ ၂၃ ရက်နေ့မှာ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။ 

အဲ့ဒီထဲမှာ အလုပ်လုပ်ကိုင်ခွင့်ကဒ် လုပ်တဲ့သူနဲ့ လုပ်ငန်းခွင်ထဲ အလုပ်ဝင်လုပ်နေတဲ့သူတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါက ကရင်နီဒုက္ခသည်တွေခိုလှုံနေထိုင်တဲ့ စခန်းမှာ အလုပ်ထွက်လုပ်မယ့် လူအရေအတွက် များလာအောင် ထိုင်းအာဏာပိုင်က တင်းကြပ်တဲ့ ကန့်သတ်ချက်တွေပြုလုပ်ပြီးနောက် အလုပ်လုပ်သူ အရေအတွက် များလာတာ ဖြစ်ပါတယ်။ 

“ကျနော်တို့ရဲ့ တိုက်တွန်းခေါ်ဆောင်မှုကြောင့်လည်း အပြင်ကနေ အလုပ်လာခေါ်မယ့်လူတွေ လာပြီ။ သူဌေး တစ်သုတ် နှစ်သုတ် လာတာရှိပြီ။ ပြီးတော့ လာမယ့် ဇွန်လ ကုန်ပိုင်းကျရင်လည်း သစ်သီးဝလံ ခူးဖို့ သွားဖို့ လူဦးရေ ရယ်ဒီလုပ်ထားတာ ၂၀၀ ကျော်ရှိပြီပေါ့နော” လို့ ဘန့်မိုင်နန်းဆွိုင်စခန်း ကော်မတီဝင်တဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တုန်းက ဖြေဆိုဖူးပါတယ်။ 

ဇွန်လအတွင်း နောက်ဆုံးရအခြေအနေကိုတော့ ကန္တာရဝတီတိုင်း (မ်) က ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။ 

မြန်မာဒုက္ခသည်တွေအတွက် သက်သေခံကဒ်ပြားကိုထုတ်ပေးရေးအစီအစဥ်လည်း ရတ်ချ်ဘူရီခရိုင် ဘန်းထမ့်ဟင်းဒုက္ခသည်စခန်းက ကရင်တိုင်းရင်းသား ၃၀၀ ကို ဇွန်လ ၁၇ ရက်နေ့က ထုတ်ပေးနေပြီလို့လည်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ကရင်နီ ဒုက္ခသည်စခန်းတွေမှာတော့ ထုတ်‌ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

ထိုင်းအစိုးရက ဒုက္ခသည်စခန်း ဖြုတ်သိမ်း‌ရေး အစီအမံကို အားစိုက် လုပ်ဆောင်လာနေတာဖြစ်ပြီး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေကို မဖြစ်မနေ အလုပ်ထွက်လုပ်ဖို့ တွန်းအားပေးလာတာဖြစ်ပါတယ်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...