ရေကြည်မြို့နယ်တွင် စခန်းကုန်းတစ်ခုကို AA သိမ်းပိုက်

ရေကြည်မြို့နယ်တွင် စခန်းကုန်းတစ်ခုကို AA သိမ်းပိုက်

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်းအာရက္ခတပ်တော် (AA)၏  စစ်ရေးရင်းမြစ်တစ်ခုက  နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ယခုလ ဇွန်၂၀ ရက်နေ့တွင် ရေကြည်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏  "၁၈၈ တောင်ကုန်းစခန်း" ကို AA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် မေးမြန်းရာတွင် အဆိုပါ ၁၈၈ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း ၎င်းစစ်ရေးရင်း သတင်းရင်းမြစ်က ပြောကြားသည်။

“ဒီသတင်း အတည်ပြုနိုင်ပါတယ်။ အလောင်း၊ လက်နက်နဲ့ ခဲယမ်းတွေ အပါအဝင် ဒရုန်းတွေကို ဖျက်ချနိုင်တဲ့ ဂျမ်မာ၊ဆက်သွယ်ရေးစက်တွေ၊ စတားလင့်တွေပါ သိမ်းဆည်းရမိခဲ့တာတွေရှိပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း စကမ စစ်သားအလောင်းနှင့် ရရှိသော လက်နက်၊ ခဲယမ်းမီးကျော် ပစ္စည်းစာရင်းများကို လတ်တလောတွင် တိုက်ပွဲများဆက်ဖြစ်နေ၍ စာရင်းအတိအကျ မပြုစုနိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရေကြည်မြို့နယ်အတွင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နောက်ထပ် စခန်းကုန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အာဏာသိမ်း စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများ တိုက်ပွဲ ဖြစ်ရာနေရာများသို့ ပစ်ကူပေးနေကြောင်း၊ လက်ရှိတွင် ရွှေရင်မျှော်ကုန်း၊ဝါးတောကွင်းနှင့် ၃ မိုင်ခန့်အကွာတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

လက်ရှိ မိုးရာသီကာလဖြစ်သဖြင့် စက်လှေများကို ချောဆွဲကာ ရေကြောင်းကနေ  လူအင်အား၊ လက်နက်အင်အားများ ဖြည့်တင်းနေသည်ဟု သိရသည်။

June 25, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...
June 22, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော်...
June 19, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခပြည်အတွင်းရှိ  ဂွ၊ ကျိန္တလီ၊ လေးတောင်၊ ကျောက်ဖြူတို့ကို...