မိုးကောင်းမြို့က ချောင်း ၂ ခုလုံး စိုးရိမ်ရေမှတ်နားရောက်လာ

မိုးကောင်းမြို့က ချောင်း ၂ ခုလုံး စိုးရိမ်ရေမှတ်နားရောက်လာ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ထဲက နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်း ရေတက်လာတဲ့အတွက် မြေနိမ့်ပိုင်းမှာနေတဲ့သူတွေ သတိထားကြဖို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဇွန် ၁၈ ရက်နေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ နန့်ရင်းချောင်းရေဟာ စိုးရိမ်ရေမှတ် ၆၀၀ ရောက်ဖို့ ၁ ပေခွဲကျော်ပဲ လိုတော့ပြီး နန်းကောင်းချောင်းရေကတော့ စိုးရိမ်ရေမှတ် ၆၀၀ ရောက်ဖို့ ၂ ပေ ဝန်းကျင်လောက်ပဲ လိုတော့တယ်လို့ ဆိုပါတယ်။

နောက်လာမယ့် ၂ ရက်အတွင်းမှာတော့ ချောင်းရေတွေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် စိုးရိမ်ရေမှတ်ရောက်လာရင် ချောင်းကမ်းပါးနား မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိထားကြဖို့နဲ့ ရေတက်လာရင် အချိန်မီရှောင်ရှားကြဖို့ မိုးဇလက သတိပေးထားတာပါ။

မိုးကောင်းမြို့က နန့်ရင်းချောင်းရေဟာ ဇွန်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ စင်တီမီတာ ၅၀၀ ကျော်ကို စမြင့်တက်ခဲ့တာဖြစ်ပြီး နန့်ကောင်းချောင်းရေကတော့ နေ့လယ်ပိုင်းမှာ စင်တီမီတာ ၅၀၀ ကျော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း မိုးကောင်းမြို့မှာ မိုးဆက်တိုက်ရွာနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး နောက်နှစ်ရက်အတွင်း ကချင်ပြည်နယ်မှာ မိုးပိုလာနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

မိုးကောင်းမြို့အပြင် မိုးညှင်းမြို့က နန့်ရင်းချောင်းရေဟာလည်း အောက်နောက် ၂၄ နာရီအတွင်း ၃၄၅ စင်တီမီတာထိရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပြီး မိုးညှင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကတော့ ၅၀၀ စင်တီမီတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း မိုးညှင်းမြို့နေရာတချို့က ရပ်ကွက်နဲ့ကျေးရွာတချို့မှာ ရေဝင်ရောက်မှုတွေ ရှိနေသလို မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းတချို့မှာလည်း ရေကျော်မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...