ပုဏ္ဏားကျွန်းတွင် စက်လှေတိမ်းမှောက်၍ ရှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

ပုဏ္ဏားကျွန်းတွင် စက်လှေတိမ်းမှောက်၍ ရှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ
ဓာတ်ပုံ - ပေးပို့
ဓာတ်ပုံ - ပေးပို့

ပိုးဝါ — ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီးငါးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၅ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ ကျောက်တော်မြို့သို့သွားသည့် ကူးတို့စက်လှေသည် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ကြိုးတံတားအောက်ရှိ ချောင်းတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဦးရာဇ်တော်တောင်ကြိုးတံတားကို တိုက်မိပြီး ဘုတ်နစ်သွားတာပါ။ အခု ယောကျ်ားတစ်ယောက်၊ မိန်းမတစ်ယောက် ပျောက်နေတုန်းပဲ” ဟု ပြောသည်။

စက်လှေနစ်မြုပ်သွားသည့်အတွက် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးပြီး လက်ရှိတွင် ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကူးတို့စက်လှေတွင် ခရီးသည် ၃၅ ဦးလိုက်ပါလာခဲ့ပြီး အများစုမှာ ကျောက်တော်သို့ ဈေးသွားဝယ်သူများဖြစ်ကြောင်း သိရသည်။

အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများအနက် အမျိုးသား သုံးဦးကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရသည်ဟု ဆိုသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...