တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားရတော့မည်

တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားရတော့မည်

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားသွားရန် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။ 

အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့်သင်ကြားနိုင်ရေး အဆိုကို ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်က ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် တင်သွင်းခဲ့သည်။   

မူလတန်းအဆင့်၌ တိုင်းရင်းသားစာပေ သင်ကြားနေမှုသည် အခြေခံအဆင့်သာ တက်မြောက်ရန် မဟုတ်ပဲ အပြည့်အဝတက်မြောက်ရန် Grade 5 အထိ တိုးမြှင့် သင်ကြားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးကြသည်။ 

“Grade 5 အထိ တိုးမြှင့်သင်ကြားမှသာလျှင် အပြည့်အဝ တတ်မြောက်မည်ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား စာပေကို ထိန်းသိမ်းရာလည်း ရောက်မည်ဖြစ်သဖြင့် အဆိုကို လွှတ်တော်တွင် လက်ခံ ဆွေးနွေးသင့်ပါကြောင်း” ဟု ဘီးလင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း ထောက်ခံဆွေးနွေးခဲ့သည်။ 

အဆိုကို အတည်ပြုသင့်ကြောင့် ဇွန်လ ၁၅ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က ထောက်ခံဆွေးနွေးပြီးနောက် အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြုသည်။ 

အဆိုနှင့် ပတ်သက်ပြီး ပြည်နယ် စစ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က “ တိုင်းရင်းသားစာပေကို Grade 5 အထိ တိုးမြှင့် သင်ကြားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်” ဟု ဆိုသည်။ 

အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည့်အတွက် မူလတန်းအဆင့် တိုင်းရင်းသားစာပေးသင်ကြားရေးကို Grade 5 အထိ တိုးမြှင့်သင်ကြားသွားနိုင်ရန် ပြည်နယ်အစိုးရက မဖြစ်မနေ အကောင်အတည်ဖော်ရမည်ဖြစ်သည်။ 

လက်ရှိတွင် အခြေခံပညာ မူလတန်းအဆင့်တွင် မွန်စာပေးသင်ကြားရေးကို Grade 3 အထိသာ သင်ကြားနေပြီး ထိရောက်မှုမရှိဘူးလို့ မွန်စာပေသင်ကြားရေး ဆရာ၊ ဆရာမတို့ထံမှ သိရသည်။

Most read this week

ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...
June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...