ရေဖြူမှာ လေကြောင်းဗုံးကြဲ၍ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် နှစ်ဦး သေဆုံး

ရေဖြူမှာ လေကြောင်းဗုံးကြဲ၍ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် နှစ်ဦး သေဆုံး

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာနဲ့ရငဲရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ ကံပေါက်အခြေစိုက် မောရဝတီရေတပ်စခန်း ပျံသန်းလာတဲ့ စက်တပ်လေထီး နှစ်စီးဟာ ဧကနိကျေးရွာနဲ့ရငဲရွာကြားကို ဗုံး လေးလုံးထက်မနည်း ကြဲချသွားတာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် ဆီအုန်းခြံလုပ်သားတွေနေတဲ့ အဆောင်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့တာကြောင့် ကိုယ်ဝန်ဆောင် မိခင် တစ်ဦးနဲ့ တူဖြစ်သူ အသက် ၁၃ နှစ်အရွယ် ကလေး တစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒီဗုံးကြဲဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တနင်္သာတိုင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလကစလို့ စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရှင်သန်နေထိုင်နေရပါတယ်။

August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...