ဖရူဆိုက ကျေးရွာသုံးခုမှာ နေအိမ် ၈၀ ကျော် မီးရှို့ခံရ

ဖရူဆိုက ကျေးရွာသုံးခုမှာ နေအိမ် ၈၀ ကျော် မီးရှို့ခံရ
ဓါတ်ပုံ- KNDF
ဓါတ်ပုံ- KNDF

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့ မေလအတွင်းကျေးရွာ သုံးခုရှိ ဒေသခံနေအိမ် အလုံး ၈၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက်နေ့တုန်းက ဖရူဆိုမြို့နယ်၊ ဘူးခူကျေးရွာက နေအိမ် ၁၆ လုံး ကိုအာဏာသိမ်းတပ် စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့ပြီး မေလ ၆ ရက်နေ့မှာတော့ ထားလဲကျေးရွာက နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

မေ ၇ ရက်နေ့မှာတော့ ထားလဲကျေးရွာ အပေါ်ဖက်က ပရယ်တော် ကျေးရွာက နေအိမ် ၄ လုံးကိုထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုထားပါတယ်။ 

လက်ရှိမှာတော့ ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ အာဏာသိမ်းတပ် တို့ရဲ့ ခြေကုပ်စခန်းတွေ၊ စစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အာဏာသိမ်းတပ်က ဖရူဆိုမြို့အတွင်း ကျေးရွာတွေမှာ ဒရုန်းကင်းထောက်တာ၊ ဒရုန်းဗုံးကြဲတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောဆိုထားပါတယ်။

ဖရူဆိုမြို့နယ် အတွင်းက စစ်ကြောင်းနဲ့ နီးစပ်တဲ့ ကျေးရွာဒေသခံတွေကတော့ နီးစပ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာ လိုအပ်မှုရှိနေတယ်လို့လည်း စစ်ရှောင် အရေးကူညီဆောင်ရွက်နေတဲ့ CTER-Karenni အဖွဲ့က ပြောထားပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...