ရခိုင်တွင် အာရက္ခထီ ဖွင့်တော့မည်

ရခိုင်တွင် အာရက္ခထီ ဖွင့်တော့မည်

(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်)

မောင်စာဂ - ရခိုင်ပြည်သူများအတွက် အာရက္ခထီ(ရခိုင်အခေါ် လောင်ပေါ်)ကို စတင်ဖွင့်လှစ်ပေးသွားတော့မည်ဟု သိရသည်။

အဆိုပါထီကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အကောက်ခွန်ဌာနက လာမည့် ဇူလိုင်လ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် နီးစပ်သူများမှ သိရသည်။

ပထမဆု ကျပ်သိန်း ၅ဝဝ၊ ဒုတိယဆု ကျပ်သိန်း ၃ဝဝ အပါအဝင် သိန်း ၁ဝဝ ဆုနှစ်ဆုနှင့် ၁ဝ သိန်းဆု ၁ဝ ဆုကို ချီးမြှင့်ပေးသွားမည်ဟုလည်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခထီကို ယခုကဲ့သို့ တရားဝင် ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အလွန်ပင် ဝမ်းသာပီတိဖြစ်မိကြောင်း ရခိုင်သူတစ်ဦးဖြစ်သူ မခင်ခင်ဆန်းက နိရဉ္စရာကို ပြောသည်။

“အခုလိုမျိုး ထီဖွင့်ပေးမယ်ဆိုတော့ ဝမ်းလည်း ဝမ်းသာပါတယ်။ ပီတိလည်းဖြစ်မိပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဒီလိုမျိုး လုပ်ပေးတာကို အရမ်းဝမ်းသာပါတယ်။ အခု ပထမဆု သိန်း ၅ဝဝ ဆိုတာကလည်း မိသားစုအတွက် စားဝတ်နေရေး နည်းနည်းတော့ ကာမိမှာပါ။ ကျမသာပေါက်ခဲ့ရင် ထက်ဝက်က မိသားစုအတွက်၊ ထက်ဝက်က တိုင်းပြည်အတွက် အဲလိုတော့ လုပ်ပါမယ်”ဟု ပြောသည်။

အဆိုပါထီလက်မှတ်တစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လာမည့် ဇွန်လ ၁ ရက်မှစတင်၍ ရောင်းချသွားမည်ဟု သိရသည်။

အဆိုပါထီတွင် ဂဏန်းခြောက်လုံးပါရှိမည်ဖြစ်ပြီး တစ်လတစ်ကြိမ် ဖွင့်လှစ်သွားမည်ဟု သိရသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် ကံစမ်းလိုသူများ တရားမဝင် ထိုးနေကြသည့် ချဲထီလောင်းကစားများကိုလည်း မလုပ်ကိုင်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသိပညာပေးတားမြစ်မှုများရှိနေသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...