စစ်ရေးအခြေအနေကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ရန်ထုတ်ပြန်

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ရန်ထုတ်ပြန်

ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ ထိုးစစ်ဆင်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကြိုတင်ပြင် ဆင်ခြင်းအပါအဝင် ရိက္ခာနှင့် ဆေးဝါးများ လုံလောက်စွာ စုဆောင်းထားကြရန် ဆဲန်ထန်ဗဟိုကောင်စီက မေလ (၂၃) ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်သည် ဆဲန်ထန်ဒေသအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ အင်အားဖြည့် တင်းနိုင်သည့် အခြေအနေ များရှိနေသောကြောင့် လက်ရှိအခြေအနေတွင် အမျိုးသားရေးအရ အရေးပေါ်အခြေအနေတစ် ရပ်ဖြစ်ပေါ်လျက်ရှိသည် ဟု ဆိုသည်။ 

ဆဲန်ထန်လက်နက်ကိုင်တပ်ဖွဲ့ (SRF) အနေဖြင့် ဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအား ယခင်ထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

၎င်းအပြင် ဆဲန်ထန်ဗဟိုကောင်စီ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာလိုသူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံစာများ ယူဆောင်လာမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လက်ရှိတော်လှန် ရေးအခြေအနေအရ လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် နားလည်ပေးကြရန်နှင့် နောက်ထပ်အမိန့်စာမထုတ်ပြန်မီကာလအ တွင်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ဆဲန်ထန်ဗဟိုကောင်စီကထုတ်ပြန်သည်။

July 4, 2026
မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များအတွက်...
July 2, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က...
July 1, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် တပ်မ (၇၇) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည်...
June 30, 2026
အာဏာသိမ်းစစ်တပ်၏ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်...