လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ မပြောရဲတဲ့ မွန်က အမတ်တွေ ဝေဖန်ခံရ

လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ မပြောရဲတဲ့ မွန်က အမတ်တွေ ဝေဖန်ခံရ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကို ပိတ်သိမ်းဖို့ မပြောရဲတဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကို ဒေသခံတွေက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် တရားဝင် ပါမစ်နဲ့ ဖွင့်လှစ်ခွင့်ပြုထားတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုအပါအဝင် မိသားစုအလိုက် စီးပွားပျက်တာ၊ ဒေသတွင်းရှိ လူငယ်တွေကအစ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အုပ်စု ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူတွေဟာ လက်ရှိအချိန်ထိ လောင်းကစားဝိုင်းတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မေးခွန်းထုတ်တာ မရှိသေးပါဘူး။

မွန်ဒေသခံ သုံးဦးကတော့ လောင်းကစားဝိုင်း ပိတ်သိမ်းဖို့ မပြောရဲတဲ့ အမတ်တွေဟာ စစ်အစိုးရကို ကြောက်နေရသူတွေ ဖြစ်ပြီး ရုပ်သေးရုပ် အမတ်တွေသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ မွန်ဒေသခံ ၁၀ ဦးမှာ ၉ ဦးဟာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူအများစုကတော့ လာမယ့် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ မေးခွန်းမေးမြန်းတာ ဒါမှမဟုတ် အဆိုတင်သွင်းဖို့ လိုလားနေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် သတင်းဌာနက မွန်ပြည်နယ်ရှိ ရွေးကောက်ခံ အမတ် ငါးဦးအထိ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက အလုပ်များနေလို့ ဖြေဆိုဖို့ မအားကြောင်းနဲ့ ကျန် ကိုယ်စားလှယ်တစ်ဦးက အဝင်ဖုန်းခေါ်ဆိုမှု ပိတ်ပင်ထားတာ၊ နောက်ကိုယ်စားလှယ် တစ်ဦးက ဖုန်း ၁၀ ကြိမ်အထိ ခေါ်ဆိုပေမယ့် လုံးဝဖုန်းကိုင်တာ မရှိပါဘူး။

နိုင်ငံအတွင်းမှာတော့ လောင်းကစားဝိုင်းတွေ တရားဝင် ခွင့်ပြုထားတဲ့ မွန်ပြည်နယ်ကို လောင်းကစားပြည်နယ်အဖြစ် နာမည်ဆိုးနဲ့ ခေါ်ဆိုသမုတ်တာတွေ ရှိနေပါတယ်။

စစ်အုပ်စု ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာနဲ့ တပ်မတော်သား ကိုယ်စားလှယ်နေရာ ၈ နေရာ၊ မွန်ညီညွှတ်ရေးပါတီကတော့ ကိုယ်စားလှယ် ၇ နေရာ ရရှိထားပါတယ်။

ဒါ့အပြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့ကလည်း ကိုယ်စားလှယ် ၁ နေရာဆီ ရရှိထားတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...