တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချရန် ကော့ကရိတ်စစ်အုပ်စု ခြိမ်းခြောက်

တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချရန် ကော့ကရိတ်စစ်အုပ်စု ခြိမ်းခြောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌ ဒေသတွင်းရှိတော်လှန်ရေးတပ်ဖွဲ့များသို့ ရက်ပေါင်း(၁၀၀)အတွင်း လက်နက်ချခြင်းမရှိပါက အင်အားသုံးပြီးနယ်မြေရှင်းလင်းရေးလုပ်သွားမည်ဟု ခြိမ်းခြောက်ဝါဒဖြန့်ချိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကျုံဒိုးနှင့်ကော့ကရိတ် တောင်ပိုင်း၊ မြောက်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်မှ ဧပြီ(၂၀)ရက်ကစပြီး ကြေညာခဲ့သည့် ဇူလိုင်လ(၃၁)ရက်နေ့အထိ ရက်ပေါင်း(၁၀၀)စီမံချက်အတွင်း စစ်အုပ်စုထံလက်နက်ချရန်ဟု ကော့ကရိတ်စစ်အုပ်စုအသိုင်းအဝိုင်းက ဆိုသည်။

"မွန်၊ ကရင်လက်နက်ကိုင်အဖွဲ့ထဲရောက်နေတဲ့သူတွေ ပြန်လာကြဖို့၊ စီမံချက်အချိန်ထဲလာရင် သက်သာမယ်ပေါ့။ မလာရင်တော့ စစ်ကြောင်းတွေ လေယာဉ်တွေနဲ့ အကုန်ရှင်းမယ်ဆိုပြီး ကျုံဒိုးအုပ်ချုပ်ရေးမှူးတွေက ရွာဘက်ကို သတင်းဖြန့်နေတာ" ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

သတင်းဖြန့်ဝေနေသည့်အရင်းအမြစ်တွင် စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ မျိုးချစ် မဘသ ထောက်ခံသူများပါဝင်နေပြီး ကော့ကရိတ်မြို့နယ်တစ်ခွင် သတင်းဖြန့်ခိုင်းနေခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါကျုံဒိုးဒေသခံက ဖြည့်စွက်ပြောသည်။

ထို့အပြင် ကော့ကရိတ်၊ ကျုံဒိုးဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များမှ စစ်အုပ်စုထံ အဖွဲ့လိုက် လက်နက်ချလာခြင်းရှိနေကြောင်း စစ်တပ်လော်ဘီ လှုမှုကွန်ရက်စာမျက်နှာများ၊ ချန်နယ်များတွင် ဝါဒဖြန့်ချိနေခြင်းရှိသည်။

ဒေသတွင်းစစ်ရေးလှုပ်ရှားလျက်ရှိသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော်-KNLA နှင့်မဟာမိတ်တပ်ဘက်ကမူ စစ်အုပ်စု၏မြေပြင်စစ်ကြောင်းများ တိုးမပေါက်နိုင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့်ရွာခံလူထုအကြား သွေးကွဲစကားဖြန့်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

KNLA မဟာမိတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “မြေပြင်မှာတက်လာသမျှ သူတို့စစ်ကြောင်းတွေပစ်ခံနေရတာ နေ့တိုင်းပဲ။ လက်နက်ချမယ်ဆိုတာ ဘယ်ဟုတ်မလဲနော်။ အခုက သူတို့တိုးမရ၊ သိမ်းမရဆိုတော့ သတင်းအမှားတွေနဲ့သွေးကွဲအောင် ရွာသားတွေစိတ်ပျက်အောင် ရဲ‌ဘော်တွေစိတ်ဓာတ်ကျအောင်လုပ်တာပါပဲ" ဟု ကေအိုင်စီကိုပြောသည်။

လတ်တလော စစ်အုပ်စု၏နယ်မြေစစ်ရေးလှုပ်ရှားမှုအရ ဒေသတွင်းကုန်သည်ခရီးသွားလာရေး အဆင်ပြေရန်ဟုဆိုကာ အတင်းအကြပ်ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုအသုံးပြုပြီး ၎င်းတို့အတွက် စစ်အင်အားဖြည့်တင်းလျက်ရှိသည်။

အရပ်ဘက်သုံးမော်တော်ယာဥ်များဖြင့် အာရှလမ်းမှတဆင့်အင်အားဖြည့်ရာတွင် စစ်သားသစ်များသာမက လက်နက်ခဲယမ်းနှင့်ဖျက်အားပြင်းဗုံးသီးများလည်း ပါဝင်ကြောင်း ကော့ကရိတ်အခြေစိုက် KNLA တပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောသည်။

Photo: KNU
June 26, 2026
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ...
June 25, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ...
khaosod News (ပုံဟောင်း)
June 24, 2026
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း...
ဒူးသထူခရိုင်တွင် လေကြောင်းရန်ကြောင့် ကျေးရွာ (၆) ရွာထက်မနည်း တိမ်းရှောင်နေရ
June 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ...