စစ်ကောင်စီက တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေ

စစ်ကောင်စီက တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေ

တွန်းဇံမြို့ကို လက်ရှိ  CNA / CDF – Tonzang ၊ R – CDF ၊ Zo Chin Defense Force စတဲ့ (၄) ဖွဲ့က မြို့ထဲမှာ အခိုင်အမာ တပ်စွဲထားပြီး မြို့ကို ကာကွယ်ဖို့ အသင့်ရှိတာကြောင့် ပြည်သူတွေအနေဖြင့် စိုးရိမ်ထိတ်လန့်ပြီး စစ်ဘေးရှောင်တာတွေ လုပ်ဖို့ မလိုတဲ့ကြောင်းကိုလည်း CDF – Tonzang စစ်ဦးစီးချုပ်က  ပြောဆိုထားပါတယ်။

တီးတိန်မြို့နယ် ၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ ဇိုမီးတပ်မတော် (ZRA) ပူးပေါင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကတည်းကနေ ကလေးမြို့ကနေ သံချပ်ကာ တစ်စီးအပါအဝင် အင်အား ၆၀၀ ကျော်ဝန်းကျင်နဲ့ တီးတိန်မြို့ကို စစ်ကူရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီကနေ မေလ ၁၁ ရက်နေ့မှာ တီးတိန် ခလရ (၂၆၉) တပ်ရင်းကနေ ထွက်လာတဲ့   စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ဝန်းကျင်နဲ့ တီးတိမြို့မှာ ခြေကုပ်ယူနေတဲ့  ZRA တပ်တွေပူးပေါင်းပြီး  ချင်းပြည် ( Chinland) ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “ Scard ကားနဲ့ ဟိုင်မွှာလ်ကားတွေအပြင် ခြေလျင် စစ်ကြောင်းတွေနဲ့ တွန်းဇံဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ် ဘယ်ရောက်ပြီလဲဆိုတာတော့ မသိရသေးဘူး  ၊ သံချပ်ကာ ကားတွေတော့ မပါပေမယ့် အင်အားတော့ ရာချီနဲ့ကို ချီတက်နေတာလို့ သိရတယ်” လို့ပြောပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တွန်းဇံမြို့၊ ကျီခါးမြို့တွေကို CDF-Tonzang ပါ၀င်တဲ့ ချင်းပြည် ( Chinland) ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ၊ မေလ အတွင်းမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

May 12, 2026
ချင်းပြည်နယ်၊ တွန်းဇံ မြို့နယ်ထဲမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် တွန်းဇံနဲ့...
May 11, 2026
ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအစီအစဉ် (GMMP) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ...
May 8, 2026
ဖလမ်း - ဟားခါး ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရတဲ့...
May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...