ဖလမ်းသို့လာသည့်စစ်တပ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်ဗိုလ် ၂ ဦးအပါအဝင် ၅ ဦးသေ

ဖလမ်းသို့လာသည့်စစ်တပ်ယာဉ်တန်းကိုတိုက်ခိုက်မှု စစ်ဗိုလ် ၂ ဦးအပါအဝင် ၅ ဦးသေ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းများ ခေါ်ဆောင်လာသည့် စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ 

မေလ ၆ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် Non- CDM ဝန်ထမ်းများကို စစ်တပ်က စစ်ယာဉ်တန်းဖြင့် ဖလမ်းမြို့သို့ ပို့ဆောင်လာစဉ် ကလေး- သိုင်းငင်းလမ်းပိုင်းမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF- CDM Siyim မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။ 

တိုက်ခိုက်မှုအတွင်း စစ်တပ်မှ ဗိုလ်ကြီး၁ ဦးနှင့် ဗိုလ် ၁ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ငယ်တချို့နှင့် ဖောကားတစ်စီး သိမ်းဆည်းရမိသည်ဟု သိရဿည်။   

ချင်းတော်လှန်ရေးအင်အားစုများသည် ဖလမ်းမြို့ကို တစ်နှစ်ကြာ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်တပ်၏ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ပြီးခဲ့သော ဧပြီလ ၂၅ ရက်က ချင်းပူးပေါင်းတပ်တို့ ဖလမ်းမြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည်။ 

ဖလမ်းမြို့ သိမ်းပြီး ၂ ပတ်အကြာတွင် ကလေးမြို့မှာ နေထိုင်ကြသော ဖလမ်းမြို့မှ Non-CDM ဝန်ထမ်း ၁၀၀ ကျော်သည် ယမန်နေ့ မေလ ၆ ရက် မနက်ပိုင်းက စစ်ယာဉ်တန်း အစောင့်အရှောက်နှင့် ကား၊ ဆိုင်ကယ်များဖြင့် ကလေး-သိုင်းငင်းလမ်းမကြီးအတိုင်း ဖလမ်းမြို့သို့ ပြန်လာကြသည်ဟု သိရသည်။

ဖလမ်းငြိမ်းချမ်းရေးကော်မတီဆိုသည် အဖွဲ့အစည်းတစ်ခုကလည်း မေလ ၄ ရက်နေ့က နေရပ်ပြန်လာသူများအကြား အမုန်းပွား ခြင်းနှင့် လက်စားချေခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားသကဲ့သို့ CDM နှင့် Non-CDM များအကြား အပြန်အလှန် နားလည်မှု ရှိကြရန် မေတ္တာရပ်ခံသည်ဟု ထုတ်ပြန်သည်။

May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...