TLEC ကျောင်းကို MNDAA စားထိုး ဖွင့်လှစ်မည်

TLEC ကျောင်းကို MNDAA စားထိုး ဖွင့်လှစ်မည်

စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။

ထို့နောက် MNDAAသည် မတ်လမှစတင်းကာ ကွတ်ခိုင်မြို့ကို အလုံးစုံ ထိန်းချုပ်ခဲ့သည်။

ထိုကြောင့် လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းပြည်ပညာရေးကောင်စီ (TLEC) ကျောင်းများကို ပိတ်သိမ်းကာ MNDAA ဘက်မှ စာသင်ကျောင်းများကို အစားထိုး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ (TLEC) ကျောင်းတွေကို ပိတ်ပြီး သူတို့ နည်းစနှစ်အတိုင်း ဖွင့်သွားမယ်လို့တော့ ဦးလေးတို့က ကြားထားတယ်။ သင်ကြားရေးက ဘယ်လိုဖြစ်မလဲတော့ ကောင်းကောင်းကြီး မပြောတက်သေးဘူး။ အခုဟာက ကျောင်းလည်းမဖွင့်သေးဘူး”ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွင့် MNDAA က ထိန်းချုပ်ထားခြင်း‌ကြောင့် (TLEC) ကျောင်းများ ပိတ်သိမ်းလိုက်ရသည့် ကိစ္စနှင့် ပတ်သတ်ပြီး TLEC မှ သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောဆိုထားသည်။

“ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက်သွားပြီးကတည်းက ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ ကျနော်တို့ရဲ့ (TLEC) ကျောင်းတွေအားလုံးကို ရပ်တန့်ထားရတဲ့ အခြေနေတော့ရှိပါတယ်။ MNDAAဘက်က ပညာရေး ကော်မတီတွေနဲ့ တွေ့ဖို့ကြိုးပမ်နေတာတွေရှိတယ်။”ဟု TLEC မှ သတင်းအရင်းမြစ်တစ်ဦး ကပြောသည်။

ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွင့် MNDAA ဆက်လက် ထိန်ချုပ်မှုကြောင့် လာမည့် စာသင်နှစ်တွင် ပညာရေးသင်ကြားရေးစနစ်ပြောင်းလဲမှု ရှိလာနိုင်ခြင်းကြောင့် ကလေးငယ်များအတွက် စိုးရိမ်မှုရှိနိုင်ကြောင်း TLEC နှင့် ကွတ်ခိုင်ဒေသခံများက ပြောဆိုခဲ့သည်။

“စိုးရိမ်ဖွယ်တော့ရှိတယ် လက်ရှိကျောင်တွေက (TLEC) ကနေ ပေးတဲ့ပညာရေးဝန်းဆောင်မှုတွေပဲ ဆက်ပေးသွားဖို့ ကျေးရွာတွေက မိဘပြည်သူ လူထု ကျောင်းသား ဆရာဆရာမတို့က ဆန္ဒရှိကြတယ်။ သွားနေတဲ့ ပညာရေးစနစ်တစ်ခုကို တခြားပညာရေးစနစ်နဲ့ အစားထိုးလိုက်ပြီး မသင်မနေရ စနစ် ဖြစ်လာရင် ကလေးတွေအတွက် စိုရိမ်ဖွယ်ရှိတယ်။”ဟု TLEC သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်ရေးပဋိပက္ခကြား ကွတ်ခိုင်မြို့နယ်အတွင်းနေထိုင်သည့် ကလေးငယ်များ၏ ပညာရေးအတွက် စိတ်မကောင်းကြောင်း၊ ပညာသင်ကြားရမည့်အရွယ်တွင်ကောင်းမွန်စွာ မသင်ကြားရသည့်အတွက် အနာဂတ်အတွက် ရင်းလေးရကြောင်းလည်း ကွတ်ခိုင်ဒေသခံ အမျိုးသားက ဆိုပြန်သည်။

“ ကလေးတွေ ကျောင်းတက်ရမယ့် အရွယ်မှာကျောင်းမတက်ရဘူး။ ကလေးတွေရဲ့ ပညာရေးအတွက် နောင်ရေးအတွက် ရင်လေးစရာကြီး။ ပညာရေးက နိုင်ငံရေးနဲ့ ဘာမှ မဆိုင်ဘူးလို့မြင်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါ TLEC ကျောင်းပိတ်သိမ်းသည့်ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် MNDAA ဘက်ကို ကြိုးစားဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

TNLAက ကွတ်ခိုင်မြို့နယ်ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း သိမ်းပိုက်နိုင်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်ကာ မူဆယ်မြို့ အနီး ၁၀၅ မိုင်ထိ တအာင်းပြည်ပညာရေးကောင်စီ (TLEC) စာသင်ကျောင်းများ ကိုဖွင့်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်တွင် ကွတ်ခိုင်မြို့နယ်ကို MNDAA တအောင်းရွာများရှိ ဆိုင်းဘုတ်များကို တအောင်းစာများဖျက်ကာ တရုတ်စာ နှင့် မြန်မာစာ အစားထိုး ပြောင်းလဲ ရေးလိုက်သည်။

သို့သော် တဖက်တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်သည် ဧပြီ ၂၃ရက်တွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် သျှမ်းမြောက်ဒေသရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ နှင့် အထူးဒေသ (၄) မိုင်းလားမြို့နယ် အပါအဝင် မြို့နယ် ၅၀ကျော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...