ကရင်နီပြည်က အဆင့်မြင့်ကျောင်း ၆ ကျောင်း စုပေါင်း နှီးနှောဖလှယ်

ကရင်နီပြည်က အဆင့်မြင့်ကျောင်း ၆ ကျောင်း စုပေါင်း နှီးနှောဖလှယ်

ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း စုပေါင်းပြီး ကျောင်းသားနှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်နီပြည်က ဒီးဘောင်းခူမြို့နယ်တစ်နေရာမှာ ပြုလုပ်ခဲ့ကြပြီး Level Up Collage၊ Karenni Law Collage (ကရင်နီဥပဒေကောလိပ်)၊ Karenni Collage of Social Sencience & Humanities (ကရင်နီလူမှုသိပ္ပံကောလိပ်)၊ Education Degree Collage of Karenni (ကရင်နီပညာရေးဒီဂရီကောလိပ်)၊ Phanson University (ဖန်းဆော်တက္ကသိုလ်)၊ Techinological Universety - Loikaw နည်းပညာတက္ကသိုလ် (လွိုင်ကော်) စတဲ့ ကျောင်းတွေ ပါဝင်ခဲ့တာပါ။ 

အခုလို အဆင့်မြင့် ‌ပညာရေးကျောင်းတွေ စုပေါင်းပြီး ကျောင်းသားနှီးနှောဖလှယ်ပွဲ ပြုလုပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ပွဲဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဇော်မျိုးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချက်ကတော့ မတူညီသော ဒေသအသီးသီးက ရင်းနှီးမှုရလာအောင် လုပ်တာဖြစ်တယ်။ နောက်တစ်ခုက စာပေတွေ အနုပညာတွေ အခြားကဏ္ဍတွေမှာ ကျောင်းသူ/သားတွေက ကြိုးစားချင်စိတ်ရှိလာအောင် ပိုပြီးတော့ မျှဝေစေရေးရှိလာအောင် အဲ့လိုလုပ်တာဖြစ်တယ်။”လို့ ပွဲဖြစ်မြောက်ရေးကော်မတီ ကိုအောင်ဇော်မျိုးက ဆိုပါတယ်။ 

ကျောင်းသားနှီးနှောဖလှယ်ပွဲ ပြုလုပ်ဖို့ ပွဲဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှာတော့ ကရင်နီပြည်လူငယ်များသမဂ္ဂ အပါအဝင် Level Up ကောလိပ်ကျောင်းက ဆရာတွေ၊ IEC ပညာရေးဌာနက တာဝန်ရှိသူတွေ ပါဝင်ခဲ့တယ်လို့ ကိုအောင်ဇော်မျိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။ 

ကရင်နီပြည်တွင်းက အခြားသော အဆင့်မြင့်ကျောင်းတွေကို ဖိတ်ကြားထားပေမယ့် လက်ရှိစစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အဆိုပါ ၆ ကျောင်းသာ ပါဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ကျောင်းသားနှီးနှောဖလှယ်ပွဲမှာတော့ ကျောင်း ၆ ကျောင်းက ကျောင်းသား/သူဦးရေ စုစုပေါင်း (၂၅၀)ဦး ပါဝင်ခဲ့ပြီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ စတဲ့ အားကစားတွေလည်း ထည့်သွင်းယှဉ်ပြိုင်ခဲ့ကြတာပါ။ 

ဒါ့အပြင် ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP)၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)၊ကရင်နီပြည် ရဲဌာန (KSP)၊ လူငယ်ရေးရာဌာန (DoYA)၊ အဆင့်မြင့်ပညာရေးကောင်စီ နဲ့ ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီခဲ့တဲ့ အဖွဲ့တို့ကနေလည်း တက်ရောက်အားပေး အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...