တော်လှန်ရေးကာလ ချင်းလဲန်းဆေးတက္ကသိုလ် စတင်ဖွင့်လှစ်ပြီ

တော်လှန်ရေးကာလ ချင်းလဲန်းဆေးတက္ကသိုလ် စတင်ဖွင့်လှစ်ပြီ

တော်လှန်ရေးကာလ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ချင်းလဲန်းဆေးတက္ကသိုလ် ဖွင့်လှစ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ တက်ရောက်ခဲ့ကြောင်း ချင်းပြည်အစိုးရက ဧပြီလ ၁၅ ရက်မှာ သတင်းထုတ်ပြန်သည်။   

ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်လှစ်ခြင်းကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်မှ အကြီးအကဲများ၊ ဝန်ကြီးများနှင့် စာရင်းစစ်ချုပ်တို့နှင့်အတူ NUG အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်ပြီး အမှာစကားပြောခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း ပြုလုပ်သည်ဟု သိရသည်။

Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်လှစ်ခြင်းနှင့်အတူ ဆေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိသည့် ပထမအပတ်စဉ် ကျောင်းသား/သူများကို မောင်မယ်သစ်လွင် ကြိုဆိုပွဲကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ဧပြီလ ၁၄ ရက်ကလည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်မှ အကြီးအကဲများ၊ စာရင်းစစ်ချုပ်တို့နှင့် NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ၍ အစိုးရနှစ်ရပ်ကြား လုပ်ငန်းအပြန်အလှန် ချိတ်ဆက် ဆောင်ရွက်သည့် ကိစ္စရပ်များကို ဆွေးနွေးသည်ဟု သိရသည်။ 

ချင်းပြည်ကောင်စီနှင့် မဏ္ဍိုင် ၃ ရပ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ လုပ်ငန်းအခြေအနေများကိုလည်း အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်သည်ဟု သိရသည်။

June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...