ပန်ဝါမြို့အနီး မြေရှားလုပ်ကွက်မြေပြိုပြီး လုပ်သားတစ်ဦးသေဆုံး

ပန်ဝါမြို့အနီး မြေရှားလုပ်ကွက်မြေပြိုပြီး လုပ်သားတစ်ဦးသေဆုံး

ချီဖွေ– ပန်ဝါကြား မြေရှားလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး လုပ်သားတစ်ဦး‌သေဆုံးသွားတယ်လို့ မြေရှားလုပ်သားတွေဆီကနေ သိရပါတယ်။

ဧပြီ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် ချီဖွေကနေတက်လာရင် ပန်ဝါမရောက်ခင် လုပြည်ရွာနားက မြေရှားကုမ္ပဏီတစ်ခုမြေပြိုမှုဖြစ်တာလို့ ဆိုပါတယ်။

“ချီဖွေ–ပန်ဝါကားလမ်းမဘေးမှာပဲ မြေရှားလုပ်ကွက်တောင်ပြိုလာတာဟုတ်တယ်။ သူတို့ ရေအရမ်းများထည့်လိုက်လို့ထင်တယ်။ အလုပ်သမားတစ်ဦး ပါသွားတယ်”လို့ပန်ဝါရှိ မြေရှားလုပ်သားတစ်ဦးက ပြောပါတယ်။

လုပြည်ရွာမရောက်ခင် တစ်မိုင်လောက်အလိုမှာ အရင်ကတည်းက လုပ်နေတဲ့တစ်ခုထဲရှိတဲ့ ကုမ္ပဏီလုပ်ကွက်ဖြစ်တယ်လို့ သိရပါတယ်။

မြေပြိုမှုထဲမှာ မြေရှားလုပ်သားတစ်ဦး အသက်သေဆုံးသွားပြီး အခြားထိခိုက်တာတွေတော့ မရှိဘူးလို့ သိရပါတယ်။

လက်ရှိ လုပ်ကွက် မြေပြိုမှုဖြစ်ပွားတဲ့ နေရာက ချီဖွေ – ပန်ဝါကားလမ်းမ အပေါ်ဘက်ကပ်ရပ်မှာဖြစ်ပြီး အထက်ကနေ ပြိုကျလာတဲ့ နွံတွေ လမ်းမကြီးမှာ ပိတ်နေတယ်လို့ ဆက်လက်သိရပါတယ်။

“မိုးတောင်မရွာဘူး။ ဒီနေ့တစ်နေကုန်နေပူတယ်။ သူတို့တောင်မှာ ရေထည့်တာတော်တော်များသွားပုံရတယ်။ ကားလမ်းမကြီးအထက်မှာပဲဆိုတော့ တောင်ပြိုလာတာ လမ်းတွေပိတ်ကုန်တယ်။ အခုဆက်ပြီး ပြိုနေတုန်းဟုတ်တယ်။ ဘတ်ဖောတွေလည်း အဆင့်သင့်တော့စောင့်နေတယ်။ နွံတွေဖယ်ဖို့”အထက်‌ဖော်ပြပါမြေရှားလုပ်သားတစ်‌ဦးပြောပါတယ်။

တောင်ပြိုပြီး နွံတွေလမ်းပေါ်မှာ ပိတ်ဆို့နေတာကြောင့် လမ်းသွားလမ်းလာလည်း ကား၊ဆိုင်ကယ်တွေပိတ်မိနေတယ်လို့ ပြောပါတယ်။

ပန်ဝါမှာ မြေပြိုမှုတွေ မကြာခဏဖြစ်ပွားနေပြ အလုပ်သမားတွေ အသက်သေဆုံးမှုဖြစ်စဉ် ၂၀၂၆ ခုနှစ် ဒီနှစ်အတွင်း အခုပထမဆုံးအကြိမ်လို့ စုံစမ်းသိရှိရပါတယ်။

နှစ်စဉ် ပန်ဝါမှာမြေပြိုမှုဖြစ်ပြီး လူသေဆုံးမှုဖြစ်စဉ်တွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...