ဒီးမော့ဆိုမှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ ဘီယာတွေကို ဖျက်ဆီး

ဒီးမော့ဆိုမှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ ဘီယာတွေကို ဖျက်ဆီး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀ ဝန်းကျင်ကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းမှာ ဖျက်ဆီးခဲ့ပါတယ်။

စစ်တပ်ထုတ်ကုန်တွေတားမြစ်ထားတဲ့ ဒီးမော့ဆိုမှာ ကရင်နီ တပ်ပေါင်းစု‌တွေနဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ KSP တို့က ပူးပေါင်းဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

“အဓိက စစ်တပ်ကနေထုတ်တဲ့ ဒဂုံဘီယာရယ်၊ မြန်မာဘီယာရယ်၊ နှစ်ခုပေါ့နော။ အရင်တုန်းကတော့ ကျနော်တို့တားမြစ်ထားတဲ့ချိန်မှာ ရောင်းတဲ့ဟာတွေသိပ်မရှိဘူးပေါ့နော။ ဒီနောက်ပိုင်းက တအားပေါ်တင် ပြန်ရောင်းချလာတယ်။ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို ပြန်ပြီးတော့ အားပေးတဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော။ ဆိုတော့ ကျနော်တို့ တပ်ပေါင်းစုကနေသော်လည်းကောင်း၊ ဒီဟာကိုလုပ်ရခြင်းဖြစ်တယ်။” လို့ တပ်ပေါင်းစုရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဖျက်ဆီးခဲ့တဲ့အထဲမှာ ဒဂုံဘီယာ ၉၈ ဖာ၊ မြန်မာဘီယာ ၄ ဖာ ပါဝင်တယ်လို့ တပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်တပ်ထုတ်ကုန်တွေကို မတင်သွင်းဖို့၊ မရောင်းချဖို့ ယခင်ကတည်းက တရားဝင် စာထုတ်ပြန်ထားပြီး ဖြစ်တာကြောင့် ထပ်မံ တင်သွင်းရောင်းချတာတွေ ဆက်ရှိလာရင် တပ်ပေါင်းစုအနေနဲ့ ဆက်လက်နှိမ်နှင်းသွားမယ်လို့ သူကဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာတော့ တပ်ပေါင်းစုနဲ့ KSP ပါဝင် စစ်တပ်ထုတ် ဒဂုံဘီယာ ဖျက်ဆီးတာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

June 27, 2026
လက်ရှိ မြန်မာနိုင်ငံအတွင်းက နေရာဒေသအများစုမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
June 26, 2026
ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို...
June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...