ဖွင့်ပြီး သုံးရက်အကြာမှာ မြိတ်-ထားဝယ်ကားလမ်းပိုင်း ပြန်ပိတ်

ဖွင့်ပြီး သုံးရက်အကြာမှာ မြိတ်-ထားဝယ်ကားလမ်းပိုင်း ပြန်ပိတ်

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ် ကားလမ်းပိုင်းကို သွားလာခွင့်ပြုပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့ကစပြီး သွားလာခွင့် ပြန်ပိတ်လိုက်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ မြိတ်-ထားဝယ်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်သည်။

ယင်းနောက် တစ်လကျော်အကြာ မတ်လ ၂၇ ရက်နေ့တွင် လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တို့က ပြန်လည်သွားလာခွင့်ပြုခဲ့သည်။

သို့သော် ဖွင့်ပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် သွားလာခွင့် ပြန်ပိတ်လိုက်သည်။

“အခြေအနေကလဲ မကောင်းဘူးဆိုတော့ ပြန်ပိတ်လိုက်တာ မထူးဆန်းဘူးလေ။ ကိုယ်တွေက ကံကောင်းလို ဖွင့်ထားတဲ့ရက်မှာ မြိတ်ဘက်ကို ဆင်းလို့မီသွားတာ။ မဟုတ်ရင် ဟိုဘက်မှာ ထပ်ပိတ်မိနေမှာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းပိုင်း သွားလာခွင့် ပြန်ပိတ်လိုက်ခြင်းနှင့် လမ်းပိုင်းတလျှောက် စစ်ရေးအခြအနေ သိရှိနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများထံ လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်လာခြင်း မရှိသေးပေ။

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဘက်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲချတိုက်ခိုက်နေမှုများ လုပ်ဆောင်နေသည်။

ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း
April 22, 2026
ပုပ္ဖဟံသာ ပညာရေးဖောင်ဒေးရှင်းမှ အဆင့်မြင့်ပညာရေးအတွက် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသော...
April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...
April 20, 2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် -...
ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...