Clean Mountains အဖွဲ့မှ “Youth4Earth Program” တစ်ခုဆောင်ရွက်မည်

Clean Mountains အဖွဲ့မှ “Youth4Earth Program” တစ်ခုဆောင်ရွက်မည်

ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့ ပါဝင်လာစေဖို့အတွက် ရည်ရွယ်ပြီး Clean Mountains အဖွဲ့ကနေ “Youth4Earth Program” တစ်ခုဆောင်ရွက်ပေးနေ ပါတယ်။

အဆိုပါ “Youth4Earth Program” မှာ ပါဝင်လိုသူတွေအနေနဲ့ လျှောက်ထားရမှာဖြစ်ပြီး လူဦးရေအားဖြင့် ၃၅ ဦးနဲ့ အကန့်အသတ် ခေါ်ယူသွားမယ်လို့ Clean Mountains ရဲ့ ဦးဆောင်သူ တာဝန်ခံဖြစ်တဲ့ မဥ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကန့်သတ်ထားတယ်ပေါ့နော။ အဓိကဘယ်လိုလူတွေကို ဦးစားပေးမှာလဲဆိုလို့ရှိရင်တော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ဒီလူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ လူထုအကျိုးဆောင်ရွက်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ လူကိုဦးစားပေးပြီးခေါ်သွားမယ်။ ပြီးတော့ Community ကျောင်းကသူတွေနဲ့ လူငယ်လူထုခေါင်းဆောင်တွေကို ဦးစားပေးပြီးခေါ်သွားမယ်ပေါ့နော။” လို့ မဥ ကဆိုပါတယ်။

အဆိုပါ ပရိုဂရမ်ဟာ ၃လတာ ကြာမြင့်မှာဖြစ်ပြီး ၅ရက်တာ “Youth4Earth Workshop “ကို တက်ရောက်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

၅ ရက်တာ သင်တန်းရက်တို အတွင်းမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ ခေါင်းစဉ်တွေကို ပို့ချပေးသွားမှာ ဖြစ်ကာ ဘတ်ဂျက် ရရှိရေးအတွက် သင်တန်းသားတွေကို အဖွဲ့လိုက် ပြန်လည်ဖွဲ့ပေးပြီး အဆိုပြုလွှာစာ (Proposals) လျှောက်လွှာ တင်ခိုင်းတာတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လျှောက်ထားတဲ့ အဆိုပြုလွှာစာ (Proposals)တွေထဲက ပိုမိုအားကောင်းတဲ့ အဖွဲ့ ၃ ဖွဲ့ကို ပြန်လည်ရွေးချယ်ပြီး စုစုပေါင်း ဘတ်ဂျက် ပမာဏငွေအားဖြင့် မြန်မာငွေ ကျပ် သိန်း ၂၇၀ အသုံးပြုသွားဖို့ရှိမယ်လို့လည်း Clean Mountains ရဲ့ ဦးဆောင်သူ တာဝန်ခံဖြစ်တဲ့ မဥက ဖြည့်စွက်ပြောဆိုထားပါတယ်။

Clean Mountains အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့ကြပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဆောင် ရွက်မှုတွေကို အဓိက လုပ်ဆောင်ကာ အထူးသဖြင့် ဓါတုလျှော့ချပြီး ရေရှည်တည်တံ့တဲ့ နည်းစနစ်တွေကို လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

လက်ရှိ ပြုလုပ်တဲ့ ပရိုဂရမ်မှာတော့ ရေရှားပါးမှု ပြသနာတွေ ၊ရေကြီးမှု အန္တရာယ်တွေ၊ မြေပြိုတာ၊ သစ်တောပြုန်းတီးတာတွေ ၊ရွေ့ပြောင်းတောင်ယာရဲ့အကျိုးဆက်တွေ ၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သတ်ပြီး ပို့ချ လုပ်ဆောင်သွားမှာဖြစ်တာကြောင့် လျှောက်ထားလိုသူတွေအနေနဲ့ လာမည့် ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံး လျှောက်ထားဖို့ကိုလည်း Clean Mountains အဖွဲ့က တိုက်တွန်းထားပါတယ်။ 

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...