AA တည်ထောင်ခြင်း ၁၇ နှစ်မြောက် ဂုဏ်ပြုပြိုင်ပွဲအတွက် စာမူများဖိတ်ခေါ်

AA တည်ထောင်ခြင်း ၁၇ နှစ်မြောက် ဂုဏ်ပြုပြိုင်ပွဲအတွက် စာမူများဖိတ်ခေါ်

ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း(၁၇) နှစ်မြောက်၊ တပ်တော်‌မွေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ပြုလုပ်မည့် ကဗျာ၊ ဆောင်းပါးနှင့် ဝတ္ထုတိုပြိုင်ပွဲပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါပြိုပွဲတွင် ပါဝင်လိုကလောင်ရှင်များအား စာမူများဖိတ်ခေါ်နေကြောင်း သိရသည်။

"ရက္ခဝဏ္ဏစာပီကဗျာ" မှ ပဉ္စမအကြိမ်အဖြစ် ပြုလုပ်ကျင်းပသည့်စာပေပြိုင်ပွဲဖြစ်ပြီး ဧပြီလ (၁၀) ရက်နေ့၊ အာရက္ခတပ်တော်မွေးနေ့အမှတ်တရ ဂုဏ်ပြု ကဗျာ၊ ဝတ္ထုတိုနှင့် ဆောင်းပါးစာပေပြိုင်ပွဲအတွက် ဖိတ်ခေါ်နေခြင်းဖြစ်သည်။

အဆိုပါစာမူများကို ဧပြီလ (၅) ရက်မှ (၁၀) ရက်ည (၁၂) နာရီအထိ ငါးရက်တာလက်ခံပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းပေးပို့လာသည့်စာမူများကို လက်ခံပေးသွားမှာ မဟုတ်ကြောင်း ဖော်ပြထားသည်။

ဂုဏ်ပြုကဗျာစာမူများကို ရခိုင်ဘာသာစကားတစ်မျိုးတည်းဖြင့် "ရက္ခဝဏ္ဏစာပီကဗျာ"အဖွဲ့က ခေါ်ယူနေခြင်းဖြစ်သည်။

စည်းကမ်းချက်များအနေဖြင့် ပြိုင်ပွဲတွင် ကဗျာ(ကာရန်/မော်ဒန်)ကြိုက်နှစ်သက်ရာအမျိုးအစားနှင့်ပါဝင်နိုင်ပြီး A4 နှစ်မျက်နှာခန့်ထက်မပိုလျှင် ပိုကောင်းသည်ဟု ဆိုသည်။

ဆောင်းပါးကဏ္ဍတွင် အာရက္ခတော်လှန်ရေးနှင့် အမျိုးသားရေးခရီးရှည်ထဲမှ မိမိခံစားသိမြင်တွေးခေါ်မိသောအကြောင်းအရာ၊ အာရက္ခတပ်တော်နှင့်ပတ်သက်သော စစ်ရေး/ နိုင်ငံရေး/ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂါတ်အတွေးအမြင်၊ အာရက္ခဒေသန္တရ၊ စီးပွားရေး၊ လူမှုရေး၊ အခြားကဏ္ဍတစ်ခုချင်း၏ အကြောင်းအရာတို့ကို ဂုဏ်ပြုရေးသားရမည်ဖြစ်သည်။

"ဆယ်ကျော်သက်အရွယ် ၁၇ နှစ်သားဆိုပေမယ့် ဝါရင့်သန်မာရင့်ကျက်တဲ့လူကြီးတစ်ယောက်လိုကိုယ့်ပြည်သားတွေအတွက် အောင်မြင်မှုတွေကို စဉ်ဆက်မပြတ်ရယူပေးလာခဲ့တဲ့တပ်တော်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ယူကြိုဆိုရန်အတွက် ရက္ခဝဏ္ဏစာပေကဗျာကနေ တပ်တော်မွေးနေ့ဂုဏ်ပြုကဗျာ၊ ဆောင်းပါးနှင့်ဝတ္ထုတိုပြိုင်ပွဲအတွက် စာမူတွေဖိတ်ခေါ်လိုက်ပါတယ်" ဟု ရက္ခဝဏ္ဏစာပေကဗျာ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ပြိုင်ပွဲဝင်များအနေဖြင့် စာမူပေးပို့ရန်နေရာ (link - လင့်ခ်)

-ဆောင်းပါးနှင့် ဝတ္ထုတို များကို ရက္ခဝဏ္ဏစာပေကဗျာပေ့ခ်ျရဲ့ messenger (chat box)

- ကဗျာ (ကာရန်)

https://www.facebook.com/share/17EDoojWL1/

- ကဗျာ (မော်ဒန်)

https://www.facebook.com/share/1aSDQtuKEz/

ဝတ္ထုတိုရေးသားရာတွင် A4 စာမျက်နှာလေးမျက်နှာခန့်ရေးသားရမည်ဖြစ်ပြီး ရေးသားယှဉ်ပြိုင်နိုင်သည့်ဆောင်းပါးအမျိုးအစားများမှာ

(၁) ရုပ်ပုံလွှာ (Profile)

(၂) အတိတ်ဖြစ်ရပ် (Background)

(၃) အရောင်အသွေးစုံရေးသားမှု (Color Piece)

(၄) နောက်ကွယ်ကအကြောင်းအရာ (Behind the scenes)

(၅) သတင်းဆောင်းပါး (News Features)

(၆) လက်ရှိဖြစ်ရပ် (Trend Story)ဆောင်းပါးအင်္ဂါရပ်တို့နှင့် ညီရမည်၊ ဘက်လိုက်မှုမရှိသည့်အရေးအသားဖြစ်ရမည်၊ ကိုယ်တိုင်သိမြင်ပြီး ခံစားမှုသက်သက်ကိုဦးစားမပေးသော၊ လက်တွေ့ကျသော၊ သုတေသနပြုထားသည့်အချက်အလက်တို့ပါရမည်၊ စကားပြေအရေးအသားဖြစ်ရပါမည်ဟု ဆိုသည်။

အဆိုပါစာ‌ပေကဗျာပြိုင်ပွဲတွင် ပေးအပ်ချီးမြှင့်ရန်ဆုများအနေဖြင့်ဝတ္ထုတိုပထမဆု ကျပ် (၄) သိန်း၊ ကဗျာပထမဆု ကျပ် (၃) သိန်းနှင့်ဆောင်းပါးပထမဆု ကျပ် (၃) သိန်းတို့အပြင် တခြားဒုတိယဆု ကျပ် (၂) သိန်းနှင့်တတိယဆု ကျပ် (၁) သိန်းအသီးသီးတို့ကို ချီးမြင့်ပေးအပ်သွားမည်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့သည် အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်နေ့ဖြစ်သည်။

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် မျိုးချစ်ရက္ခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

စတင်ဖွဲ့စည်းစဉ်က တပ်ဖွဲ့ဝင် ၂၆ ဦး၊ သေနတ်တစ်လက်သာရှိကြောင်း AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

လက်ရှိအာရက္ခဒေသအတွင်း AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်သုံးမြို့သာကျန်ရှိပြီး ကျန်သိမ်းပိုက်မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

(၁၆)နှစ်မြောက် အာရက္ခတပ်တော်(AA)နေ့အထိမ်းအမှတ်အတွက် ဂုဏ်ပြုကဗျာစာမူများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက တပ်တော်မွေးနေ့မတိုင်မီ ဧပြီလ (၈) ရက်နေ့နောက်ဆုံးထား၍ ဖိတ်ခေါ်ခဲ့သည်။

ဓါတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာအဖွဲ့

March 18, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူကိုဖမ်းမိပြီး...
March 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့စစ်နှာတွင် အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့်...
March 16, 2026
ရခိုင်စစ်ပွဲများကြောင့် ရခိုင်မှ ရန်ကုန်နှင့် ဧရာဝတီသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်နေသော...
March 14, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်မှ မိုင်းထိ၍ ခြေထောက်ဖြတ်လိုက်ရသူများအနေဖြင့် ခြေတုနှင့်...