ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဦးအောင်လင်းဒွေး တဦးတည်းကိုသာ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး သဘာပတိအဖြစ် ဆောင်ရွက်သူ ဒေါ်ဒွဲဘူက ၎င်းအား ဥက္ကဋ္ဌအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၃) မှ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

၎င်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ အတွင်းရေးမှူး တာဝန်ယူခဲ့သူဖြစ်သလို လက်ရှိတွင်လည်း စစ်ကော်မရှင်၏ အဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

၎င်းသည် အာဏာမသိမ်းမီက စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့သည်။

အထူးသဖြင့် ဦးအောင်လင်းဒွေးသည် UK၊ EU၊ ကနေဒါနှင့် အမေရိကန်တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသူလည်း ဖြစ်သည်။

ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ဒုဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင်ခန့် ဝန်ကြီး Jeng Phang နော်တောင်ကို ရွေးချယ်ခဲ့သလို၊ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင်ခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ကို သတ်မှတ်ခဲ့သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးအတွက် ကြိုးပမ်းချက်တရပ်သာဖြစ်ပြီး နိုင်ငံတကာကို လှည့်စားရန် ဖန်တီးသည့် "အနှစ်မဲ့အခင်းအကျင်း" သာ ဖြစ်ကြောင်း ဝေဖန်ထားသည်။

ထို့အပြင် ပြည်သူက အသိအမှတ်မပြုသည့် မည်သည့်ရွေးကောက်ပွဲနှင့် လွှတ်တော်မျိုးကိုမဆို နိုင်ငံတကာက အသိအမှတ်ပြုမည်မဟုတ်သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကလည်း ဆန့်ကျင်တုံ့ပြန်သွားရမည်ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့တွင် ၎င်းက ပြောကြားခဲ့သည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...