သျှမ်းမြောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

သျှမ်းမြောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းတို့ပါ ပြုလုပ်သည်။

ပြီးခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်အစောပိုင်းတွင် စစ်ရေးအခြေအနေ ငြိမ်သက်ခဲ့သော်လည်း ပင်းတယမြို့ရှိ စစ်ဘေးရှောင် (၃၀၀)ကျော်အတွက် နေစရာအိမ်မရှိတော့သဖြင့် နေရပ်မပြန်နိုင်ကြောင်း စစ်ဘေးရှောင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြန်စရာ အိမ်မရှိတော့ အမျိုးအိမ်နားမှာပဲ တဲထိုးပြီး နေနေရတယ်၊ သူများဒေသဆိုတော့ လုပ်ကိုင်စားသောက်ဖို့ ခက်တယ်လေ၊ နေ့စားကလည်း ပုံမှန်မရှိဘူး၊ တစ်နေ့မှ တစ်သောင်းနဲ့ လူ၅ ယောက် မျှသုံးနေရတယ်၊ အဲတစ်သောင်းကလည်း ဆန် တစ်ပြည်ဖိုးပဲရှိတာ။”ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသည့် ဦးမောင်က ပြောသည်။

ဉီးမောင်တို့မိသားစုဝင် (၅)ဉီးသည် ယခင် ကျောက်မဲမြို့တွင် ကိုယ်ပိုင်တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး လက်ရှိ ပင်းလောင်မြို့တွင် ကြုံရာကျပန်းနေ့စားလိုက်နေရကြောင်း သိရသည်။

“ အခုက ပန်းရံ၊ ကုန်တင်ကုန်ချ ကြုံရာ ကျပန်း နေ့စားလိုက်နေရတာ၊ တရက်ကို တသောင်းရတယ်။ မိသားစု (၅)ဉီးရှိတော့ မလောက်ဘူး” ဟု ဉီးမောင်က ပြောသည်။

လက်ရှိ နေ့စားခ ရရှိသည့်ငွေကျပ် တစ်သောင်းသည် ဆန်တပြည့်ဖိုးသာရှိကြောင်း၊ အိမ်ငှားစရိတ်လစဉ်ပေးဆောင်ရသဖြင့် လောက်ငမှုမရှိကြောင်းလည်း ဉီးမောင်က ဆိုသည်။

“ပင်းတယ မြို့ပေါ်နဲ့ ရွာတွေမှာတော့ စစ်ရှောင် ၃၀၀ ကျော်ရှိသေးတယ်၊ တချို့က အိမ်ငှားနေတယ်။ တချို့က အမျိုးအိမ်တွေမှာ နေတယ်၊ တချို့ကည်း တဲလေးထိုးပြီး နေနေကြရတယ်၊ စစ်ရှောင်ရတာ ကြာတော့ သူတို့လည်း စားဖို့ နေဖို့ခက်လာတာပေါ့၊အစားသောက်တွေ အလုပ်ကိုင်တွေ ကူညီပေးဖို့ လိုတာပေါ့လေ။”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်းတယမြို့နယ်တွင် စစ်သုံးဆီ တစ်လီတာ ငွေကျပ် (၃၀၀၀)မှ ကျေးရွာဘက်တွင် (၄၀၀၀)ကျပ်အထိမြင့်တက်နေပြီး ကုန်ဈေးနှုန်းလည်း ကြက်ဥတစ်လုံး ကျပ်(၅၀၀) အထိ ကုန်စျေးနှုန်း မြင့်တက်လာသည်။

ထို့အပြင် စစ်ရှောင်ကူညီသူများကို လာရောက်ကူညီသူများလည်း မရှိသလောက် နည်းပါးလာကြောင်း စစ်ရှောင် ကူညီနေသူ အမျိုးသမီးက ပြောသည်။

လက်ရှိပင်းတယ မြို့နယ်တွင် စစ်ကော်မရှင်တပ် အခြေစိုက်ပြီး ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း ၊ စစ်မှုထမ်းငွေ ကောက်ခံခြင်းများကို စစ်တပ်လက်အောက်ခံ ပျူစောထီးများက လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်း ရွာငံမြို့နယ် ရဲနဲကျေးရွာအုပ်စုကို စစ်တပ်က ဗုံးကြဲကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ (၈၀၀)ကျော် စစ်ဘေးရှောင်ခဲ့ရပြီး တစ်ချို့သော ရွာငံစစ်ရှောင်များမှာ ယနေ့အထိ ပင်းတယမြို့နယ်တွင် ခိုလှုံနေသေးကြောင်း သိရသည်။

လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...