မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်၍ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်၍ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာလေယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၁၀) ဦး သေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ (၁၀) ရက်၊ နေ့လယ် (၁၂) နာရီအချိန်ခန့်တွင်လည်း လယ်မူလားမြို့နယ်ရှိ တကူကျေးရွာ အတွင်းသို့ စစ်ကောင်စီ၏ (Jet Fighter-K8W) အမျိုးအစား လေယာဉ်တစ်စီးက ပေါင် (၂၅၀) ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ရွာသား (၁၂) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့တွင်လည်း လယ်မူလားမြို့နယ်အတွင်းရှိ တဖီလေးခိုကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် (၃) ဦးနှင့် အသက် (၄၀) ဝန်းကျင် အမျိုးသား (၃) ဦး၊ စုစုပေါင်း (၆) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုမတ်လ (၉) ရက်နေ့ ဖြစ်စဉ်တွင် သေဆုံးသူများမှာ အသက် (၁၁) နှစ်အရွယ် ယောက်ျားလေး (၂) ဦး၊ အသက် (၆) နှစ်အရွယ် မိန်းကလေး (၁) ဦးနှင့် လူကြီး (၃) ဦးတို့ ဖြစ်ကြသည်။ အသက် (၁၃) နှစ်အရွယ် ယောက်ျားလေး (၃) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုလို ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှုသည် လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ၎င်းလုပ်ရပ်အပေါ် ရှုတ်ချကြောင်း KNU က ပြောသည်။

April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...
Photo: CJ
April 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု)...
April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...