ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆို

ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆို

နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေသနဲ့နိုင်ငံတော်အကျိုးကိုသာ ဦးတည်ပြီး ဖြစ်နိုင်တာတွေကိုသာ တောင်းဆိုသွားကြဖို့လိုအပ်တယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁၀ရက်က ပြုလုပ်တဲ့ ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းမှုမရှိရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့ များစွာအခက်အခဲရှိနေဦးမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ကြရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၈၉ ကြိမ်၊ NCAလက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့  ၂၅ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့  ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ ၁၃ ကြိမ် စုစုပေါင်း ၁၄၉ ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလိုဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်တွေ၊ ဒေသနဲ့တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့အချက်တွေကို အကျေအလည်ဆွေးနွေးနိုင်ခဲ့သလို ဒီအချက်တွေကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ၁၉၉၁ခုနှစ် အမျိုးသားညီလာခံက စတင်အခြေပြုရေးဆွဲတာဖြစ်တဲ့အတွက် အခုခေတ်စနစ်နဲ့အညိ ပြုပြင်ဖို့တွေရှိနိုင် ကြောင်း၊အခြေခံဥပဒေဟာ ခိုင်မာမှုရှိရင် ပိုမိုကောင်းမွန်တဲ့အတွက် ဥပဒေရေးဆွဲရာမှာ အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံကစဉ်းစားရေးဆွဲဖို့လိုသလို တခြားအဓိကကျတဲ့ ဥပဒေတွေ ရေးဆွဲရာမှာလည်း အဲဒီအချက်ဟာ အရေးပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

မိမိတို့အစိုးရအဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကာလအတွင်း အခက်အခဲအကြပ်အတည်းပေါင်းစွာကို ကြံ့ကြံ့ခံပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ကြတာဖြစ်သလို နောင်လာမဲ့အစိုးရအနေနဲ့ အခုလိုအခက်အခဲတွေ ကြုံတွေ့မှုမရှိစေရေး စနစ်တကျလွှဲပြောင်းပေးသွားကြဖို့လို ကြောင်း၊ အခုအစိုးရလက်ထက်မှာဆောင်ရွက်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို လာမဲ့အစိုးရသစ်ကို လက်ဆင့်ကမ်းပေးရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။

March 10, 2026
ချင်းပြည်နယ်အတွင်းက ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ အဖွဲ့အစည်း ၁၆...
March 9, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က...
March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...
March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...