ထန်တလန်တွင် သားငှက်တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်းများတားမြစ်

ထန်တလန်တွင် သားငှက်တိရစ္ဆာန်များ ဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်းများတားမြစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း သားငှက်တိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ငှက်သိုက်များ ဖျက်ဆီး ခြင်းများမပြုလုပ်ရန် တားမြစ်ထားပြီး ကျူးလွန်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီ (CDF-Thantlang) က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ကျေးငှက်များ မျိုးပွားသားပေါက်သည့်ကာလဖြစ်သော မတ်လ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငှက်သိုက်ဖျက်ဆီးခြင်းနှင့် ငှက်ဖမ်းခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည်။

အလားတူ တောရိုင်းတိရစ္ဆာန်များအတွက် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိကို ဘေးမဲ့ကာလအဖြစ် သတ်မှတ်ထားပြီး အမဲလိုက်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းများကို ပိတ်ပင်ထားသည်။

ယခုကဲ့သို့ တားမြစ်ချက်ထုတ်ပြန်ရခြင်းမှာ တောရိုင်းတိရစ္ဆာန်များ လုံခြုံစွာ သားပေါက်နိုင်ရန်နှင့် ဒေသတွင်း သဘာဝအလှအပများ မပျောက်ပျက်စေရန်အတွက်ဖြစ်ကြောင်း ထန်တလန်မြို့နယ်ကောင်စီက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက လက်နက်ကိရိယာ သိမ်းဆည်းခြင်းအပြင် ပြင်းထန်စွာအရေးယူမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ယခုတားမြစ်ကာလအတွင်း လေသေနတ်၊ ယမ်းသေနတ်၊ မြှားနှင့် အခြားအမဲလိုက်ကိရိယာများ ကိုင်ဆောင်ကာ တောထဲသို့ သွားလာခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက အဆိုပါကိရိယာများအား သိမ်းဆည်းသွားမည်။ စည်းကမ်းချက်များ မလိုက်နာဘဲ သားငှက်တိရစ္ဆာန် သတ်ဖြတ်မှုကျူးလွန်သူများအား ဥပဒေနဲ့အညီ ထိရောက်စွာ ဒဏ်ခတ် အရေးယူသွားမည်” ဟု ထန်တလန်မြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်သည် ထန်တလန်မြို့နယ်ကောင်စီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ မိဘပြည်သူများအားလုံးနှင့် သက်ဆိုင်သည်ဟု ဖော်ပြထားသည်။

May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား...
May 25, 2026
ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ...
May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...