မြစ်ကြီးနားလေဆိပ် အမြန်ပြန်ဖွင့်ဖို့ ပြုပြင်နေတယ်လို့ဆို

မြစ်ကြီးနားလေဆိပ် အမြန်ပြန်ဖွင့်ဖို့ ပြုပြင်နေတယ်လို့ဆို
မြစ်ကြီးနားလေဆိပ်ကိုတွေ့ရစဉ်/ ShanNi Voice
မြစ်ကြီးနားလေဆိပ်ကိုတွေ့ရစဉ်/ ShanNi Voice

တိုက်ခိုက်ခံရမှုတွေကြောင့် လေယာဉ်နဲ့ ရပ်နားနေရာတချို့ပျက်စီးခဲ့တဲ့ မြစ်ကြီးနားလေဆိပ်ကို ပြန်ဖွင့်နိုင်ဖို့ အတွက် အမြန်ပြုပြင်နေတယ်လို့ ကာလုံက ဖေဖော်ဝါရီ(၂၃)မှာ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

မြစ်ကြီးနားလေဆိပ်မှာ ဖေဖော်ဝါရီ (၂၀) ရက်နေ့ည (၈) နာရီခွဲအချိန်က ခရီးသည်တင်လေယာဉ်တစ်စင်း FPV suicide drone ထိမှန်ခဲ့ပြီး လေယာဉ်ရပ်နားနေရာပျက်စီးခဲ့မှုကြောင့် ပျံသန်းမှုခေတ္တရပ်နားထားတာလည်းဖြစ်ပါတယ်။

မြေပြင်မှာတော့ လေဆိပ်ကို သုံးလကြာပိတ်ထားမယ်လို့ တိုက်ခိုက်ခံရပြီး တစ်ရက်အကြာမှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ လေကြောင်းလိုင်းတွေက လက်မှတ်ရောင်းချမှုတွေကို ပြန်လည်စတင်မှုတွေရှိနေပြီး လကုန်ပိုင်းမှာ စတင်ပြေးဆွဲသွားမယ်လို့ ပြောဆိုနေကြပါတယ်။

မြစ်ကြီးနားလေဆိပ်ပိတ်ထားရတာကြောင့်လည်း လေကြောင်းမှ သယ်ယူနေရတဲ့ ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီး စျေးနှုန်းကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ခရီးသည် (၇၀) ကျော်လိုက်ပါမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ART-72-600 ဟာ မြစ်ကြီးနားကနေ မန္တလေးကို ထွက်ခွာမယ့်အချိန် ပြေးလမ်းပေါ်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ခေါင်းပိုင်းနဲ့ နောက်မြှီးပိုင်းများတွင် ဗုံးစများထိမှန်ကာ ထိခိုက်ပျက်စီးခဲ့တာပါ။

မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်အတွက် ဒီလေဆိပ်က ခရီးသွားလာရေးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ( ၂၀၂၃ )ခုနှစ် နောက်ပိုင်း ပိုမိုအရေးပါလာတာလည်းဖြစ်ပါတယ်။

မြေပြင်လမ်းပိုင်းအနေနဲ့ ကချင်ပြည်နယ်အတွက် တင်ပို့တဲ့ ကုန်စည်တင်ကားတွေအားလုံးဟာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲကို ဖြတ်သန်းရပြီး ကွင်းလမ်း နဲ့ တိုက်ပွဲတွေကြောင့် ခရီးစဉ်တစ်ခုကို တစ်လနီးပါးကြာမြင့်တာလို့ ကုန်တင်ယာဉ်မောင်းတွေက ရှမ်းနီအသံကို ပြောဆိုခဲ့ဖူးပါတယ်။

Most read this week

February 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ပင်နုတ်စွပ် ရွာနဲ့...
February 23, 2026
မြစ်ဆုံဆည်ဟာ ကောင်းကျိုးတွေရှိနေတာကြောင့် တည်ဆောက်ရေးတွေကို ထောက်ခံသင့်ကြောင်း ကာလုံရဲ့...
February 21, 2026
နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့...
ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်ဥက္ကဌနှင့် ဒေသခံများတွေ့ရစဉ် /Credit
February 17, 2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုပေါများနေခြင်းဟာ...