စစ်တပ် နှင့် SSPP စစ်ရေးတင်းမာမှုဖြစ်ပွား၊ စစ်အင်အားအပြိုင်ဖြည့်တင်းနေ

စစ်တပ် နှင့် SSPP စစ်ရေးတင်းမာမှုဖြစ်ပွား၊ စစ်အင်အားအပြိုင်ဖြည့်တင်းနေ

စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်ဒေသတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ကြား စစ်ရေးတင်းမာမှုရှိနေပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်ကာ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည့်သူစစ် (PNO)တို့က မိုင်းပွန်ဒေသရှိ SSPP/SSA ကို တပ်ဆုတ်ခိုင်းရာမှ စစ်ရေးတင်းမာမှုဖြစ်လာခဲ့ပြီး အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဟိုပုံး - ကျောက်တန်းလမ်း - ပင်လုံ တကြောမှာလှုပ်ရှားနေတဲ့ SSPPတပ်သားတွေကို တပ်ဆုတ်ခိုင်း တယ်။လမ်မကြီးတကြောမှာ SSPP တပ်သားတွေမရှိအောင် သူတို့က လိုက်ပြီးတော့ သတ်မှတ်ပေးနေသလိုလေ။တရုတ်ကလည်း သူတို့ဘက်ရှိနေတော့ သူတို့က တင်းမာနေတာမျိုးပါ” ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ နှစ်ဘက် စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင် နှင့် လက်အောက် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အား ဖြည့်တင်းထားကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“စစ်ကောင်စီ နဲ့ SSPPတပ်ကတော့ နှစ်ဘက် စစ်ရေးတင်းမာပြီးတဲ့နောက်မှာ စစ်ကောင်စီတွေကလည်း စစ်အင်အားတွေဖြည့်နေတာမျိုးတော့ ရှိနေတယ်။ SSPP ဘက်ကလည်း စစ်အင်အားတွေ ဖြည့်ထားတယ်။အခြေနေတွေက ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာတော့ မပြောပြတက်ဘူးဗျ။”ဟု ၎င်းကပြောသည်။

ဟိုပုံး - ကျောက်တန်း - ပင်လုံ လမ်းမကြီး၏ တောင်ဘက် တကြော နှင့် မိုင်းပွန်မြို့ မြောက်ဘက်တွင် SSPP/SSA တပ်ဖွဲ့တို့၏ လှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်းသိရသည်။

လက်ရှိ တပ်ဆုတ်ခိုင်းရာမှ ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုများ နှင့် ပတ်သက်ပြီး နှစ်ဘက် သက်ဆိုင်ရာ အဖွဲ့အစည်းက တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...