ကျောက်တော်နှင့် မြောက်ဦး ဗုံးကြဲခံရမှု ကလေးအပါဝင် ၈ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

ကျောက်တော်နှင့် မြောက်ဦး ဗုံးကြဲခံရမှု ကလေးအပါဝင် ၈ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်က ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်၊ ဒုံးချောင်းလမ်းအား ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့သဖြင့် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဗုံးကြဲမှုအတွင်း ဗုံးနှစ်လုံးအနက် တစ်လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း သိရသည်။

ယင်းနေ့ တစ်ချိန်ထဲတွင် မြောက်ဦးမြို့၊ ဝေသာလီဟိုတယ်အား လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်များအား စစ်ကောင်စီက မကြာခဏ ဗုံးလာရောက်ကြဲချမှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာရှိ အများပြည်သူ အင်တာနက်သုံးစွဲရာ နေရာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေသဖြင့် ရခိုင်ဒေသအတွင်း အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှုများ တိုးလာနေပြီး ဒေသခံများမှာ လေကြောင်းအန္တရာယ်စိုးရိမ်စိတ်များဖြင့် ဖြတ်သန်းနေကြရသည်။

ပုံစာ-ကျောက်တော်မြို့၊ ပိုက်သည်ရပ် ရပ်ကွက်အား စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်က ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။

 

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...