ချင်းပြည်အစိုးရအဖွဲ့သစ်က စစ်ရေးစီမံချက်များအပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ဟု ဆို

ချင်းပြည်အစိုးရအဖွဲ့သစ်က စစ်ရေးစီမံချက်များအပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ဟု ဆို

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက် ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ် ဦးဆောင်၍ စစ်ရေးစီမံချက်များ အပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်မှ ၇ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၂၆ ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော စစ်ရေးအခြေအနေများ ရှင်းလင်းခြင်းနှင့် စစ်ရေးစီမံချက်များ၊ နယ်မြေအငြင်းပွားမှု ဖြေရှင်းနိုင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းနိုင်ရေး၊ ချင်းပြည်အတွင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဘဏ္ဍာငွေ လျာထားခြင်းတို့ကို ဆွေးနွေးကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်ပြည်သူ့ရဲတပ်ဖွဲ့ကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိသော ချင်းပြည် BECA စာမေးပွဲကိစ္စရပ်များ၊ အစိုးရအဖွဲ့မှ ဒေသန္တရလူထု တွေ့ဆုံခြင်း အစီအမံရေးဆွဲခြင်းကိစ္စရပ်များ၊ ဖေဖော်ဝါရီလ၏ ရငွေ/သုံးငွေ စာရင်းရှင်းတမ်းကိစ္စရပ်များကိုလည်း‌ ဆွေးနွေးခဲ့သည်ဟု သိရသည်။

အစိုးရအဖွဲ့အစည်းအဝေးကို ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်၊ ကာကွယ်ရေးဝန်ကြီး Pu Ram Kulh Cung ၊ ပြည်ထဲရေးဝန်ကြီး Pu Ram Chum Mang ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး Pu Maung Oo ၊ ကျန်းမာရေးဝန်ကြီး Dr. Sharon Par ၊ ပညာရေးဝန်ကြီး Salai James Neih Thung ၊ ရှေ့နေချုပ် Dr. Tial Hnin ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Salai Za Thawng တို့ တက်ရောက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြီး ချင်းပြည်အစိုးရအဖွဲ့ ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ် ဆလိုင်းမျိုးထိုက်ကို ရွေးချယ်တင်မြောက်ကာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရဝန်ကြီးတချို့ကို ရွေးချယ်မခန့်ရသေးကြောင်း သိရသည်။

ချင်းပြည်အစိုးရအဖွဲ့၏ ပထမသက်တမ်းတွင် ဝန်ကြီးချုပ်အဖြစ် ပူးပါထန်းက ဦးဆောင်၍ ဝန်ကြီးဌာန ၁၅ ခုဖြင့် ဖွဲစည်းပြီး တရားသူကြီးချုပ်နှင့် အဖွဲ့ဝင် ၂ ဦးပါဝင်သော တရားလွှတ်တော်ချုပ်အပြင် စာရင်းစစ်ချုပ်တို့ဖြင့်ပါ ဖွဲ့စည်းခဲ့ကြောင်း၊ ချင်းပြည်အစိုးရအဖွဲ့၏ သက်တမ်းသည် ၂ နှစ် သတ်မှတ်ပြဋ္ဌာန်းထားသည်ဟု သိရသည်။

March 23, 2026
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ...
March 21, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌...
March 20, 2026
ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့...
March 19, 2026
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ထဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်နှင့်...