စစ်ကိုင်းထဲက ကိုးတောင်ဘို့အထိုင်စခန်းကို AA နှင့်ပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းထဲက ကိုးတောင်ဘို့အထိုင်စခန်းကို AA နှင့်ပူးပေါင်းတပ် သိမ်းပိုက်

ခိုင်လူလှ (ရိုးမမြေ) —  (စစ်ကော်မရှင်ဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ)

စစ်ကိုင်းတိုင်းထဲက အင်အား၂၀၀ကျော်ခန့်ထိုင်ထားသောကိုးတောင်ဘို့ အထိုင်စခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက လွန်ခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။

၎င်းစခန်းသည်စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူနယ်အစပ်တွင်တည်ရှိပြီး စစ်ရေးအရအရေးပါသောစစ်စခန်းတစ်ခုဖြစ်ကာ စစ်ကော်မရှင်တပ်နှင့်ပျူစောထီးတပ်များ ပူးပေါင်းတပ်စွဲထားကြောင်း သိရသည်။

“ အဲဒီစခန်းကို ၄ ရက်ကြာတိုက်ခိုက်ခဲ့ရပါတယ်။ စစ်ရေးအရအချက်အချာကျတဲ့စခန်းပါ။ ဇန်နဝါရီလ ၃၀ ရက်ညမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်” ဟု AA နှင့်နီးစပ်သည့်စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကိုပြောကြားသည်။

၎င်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိရရှိသူများရှိသလို စစ်ကော်မရှင်အလောင်း ၂၀ ခန့်နှင့် လက်နက်များကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကိုးတောင်ဘို့စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် အာရက္ခတပ်တော် (AA)နှင့်အတူ ကောလင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ပကဖနှင့် KB2 ကန့်ဘလူတပ်ရင်းများပါဝင်သည်ဟု သိရသည်။ 

“ စစ်ကော်မရှင်က ကိုးတောင်ဘို့စခန်းကိုတိုက်နေတုန်း လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သလို မြေပြင်တပ်တွေကလည်း အမြောက်တပ်နဲ့ လက်နက်ကြီးနဲ့ပစ်ကူတာတွေလုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ စစ်သားတွေက မခုခံတော့ဘဲ စခန်းကိုဆုတ်ခွာထွက်သွားပြေးပါတယ်”ဟု ပြောသည်။

AA နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ကိုးတောင်ဘို့စခန်းကိုသိမ်းပြီးနောက် ကောလင်းမြို့နယ်ကိုရောက်နေသောစစ်ကော်မရှင်  စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားသည်ဟု  မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...