KNDF တပ်ရင်း ၁၅ ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံး ရဲဘော် ၁၆ ဦးရှိခဲ့

KNDF တပ်ရင်း ၁၅ ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံး ရဲဘော် ၁၆ ဦးရှိခဲ့
ဓါတ်ပုံ - KNDF BO-15
ဓါတ်ပုံ - KNDF BO-15

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၅) ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံးရဲဘော် ၁၆ ဦးရှိခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“ကျဆုံးရဲဘော်က ၁၆ ဦးရှိခဲ့တာပါ။”လို့ KNDF တပ်ရင်း ၁၅ ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က တပ်ရင်း ရဲဘော်တွေ နဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားတစ်ရပ်ကို KNDF တပ်ရင်း(၁၅) က ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအတွင်းမှာတော့ KNDF တပ်ရင်း အမှတ်(၁၅) တပ်ရင်းမှူးမှ အဖွင့်အမှာစကားပြောကြားတာ ၊ KNDF ဗဟိုကော်မတီဝင်တစ်ဦးမှ လက်ရှိ ကရင်နီ စစ်ရေး အခြေအနေအား ရှင်းလင်းပြောကြားတာ၊ အားပေးစကားများပြောကြားတာ၊ ကရင်နီအမျိုးသားအလံနဲ့ KNDFအလံ အလေးပြုတာ၊ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို အလေးပြုတာ၊ ၊ KNDF ဗျူဟာအမှတ်(၆)ဗျူဟာမှူးမှ အားပေးစကားပြောကြားတာ၊ KIEC ကောင်စီဝင်တစ်ဦးကနေ လက်ရှိကရင်နီရဲ့ နိုင်ငံရေးအခြေအနေ ချပြကာ အားပေးတိုက်တွန်းစကားပြောကြားတာတွေ ‌ဆောင်ရွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တွေ့ဆုံပွဲအခမ်းအနားကို တစ်နှစ်တစ်ခါ ပုံမှန်ပြုလုပ်လေ့ရှိပြီး အခမ်းအနားပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုလည်း KNDF တပ်ရင်း ၁၅ တာဝန်ရှိသူက အခုလို ဖြည့်စွက်ပြောဆိုထားပါတယ်။

“ရည်ရွယ်ချက်က တပ်ရင်းရှိရဲဘော်များ တစ်နှစ်တစ်ခေါက်ပုံမှန် တွေ့ဆုံခြင်းဖြစ်ပြီး ရဲဘော်တွေ ခွန်အားများ ပြန်လည်ဖြည့်တင်းပြီး ပိုမိုကောင်းမွန်သော တပ်ဖြစ်အောင်ရည်ရွယ်ပါတယ်။ လူငယ်များပြန်လည်စုစည်းပြီး တော်လှန်ရေးကို ပိုမိုအားတက်သရော ပါဝင်လာအောင် လူထုများနဲ့တွေ့ဆုံခြင်းပဲဖြစ်ပါတယ် ။”လို့ KNDF တပ်ရင်း ၁၅ ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိ တော်လှန်ရေးကာလ ၅ နှစ်ထဲ ရောက်ရှိလာပြီဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ တော်လှန်ရေးကို ပိုမိုအာရုံစိုက်ပြီး ပါဝင်စေချင်တယ်လို့ KNDF တပ်ရင်း ၁၅ ရဲ့တာဝန်ရှိသူ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...