ဗန်းမောက်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို SNA ပြန်လည်သိမ်းပိုက်

ဗန်းမောက်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို SNA ပြန်လည်သိမ်းပိုက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ ဗန်းမောက်မြို့ပေါ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရပါတယ်။

“ အောင်သာကုန်းပဲကျန်တယ်။ ကျန်တာကတော့ အကုန်ရပြီ။ ဆေးရုံ၊ ဘောလုံးကွင်းတွေရပြီးပြီ” လို့ ဗန်းမောက်မြို့က SNA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေပိုင်းမှာ ဗန်းမောက်မြို့က ပြည်သူ့ဆေးရုံကို ထိန်းချုပ်လိုက်ပြီးနောက် မြို့ရဲ့ရပ်ကွက်အားလုံးနီးပါးကို ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့မှာ ရပ်ကွက် (၄) ခုရှိတဲ့ထဲမှာ အောင်သာကုန်းရပ်ကွက်ရှိ ကုန်းပိုင်းတစ်ခုသာကျန်ရှိနေပြီး ဌာနဆိုင်ရာနေရာအားလုံးကို (SNA) က ပြန်လည်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

ဗန်းမောက်မြို့ကို (၂၀၂၅ )ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ဦးဆောင်မှုနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း မြို့နဲ့ (၃) မိုင်ဝန်းကျင်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေခဲ့ပါတယ်။

တိုက်ပွဲတွေ လေးလနီးပါးကြာဖြစ်ပွားနေပြီးနောက် မြို့ပေါ်ကို (SNA )က ပြန်လည်ထိန်းချုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ပေါ်ဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း ၊ မြောက်ဘက်ခြမ်း ၊ ဟုမ္မလင်း နဲ့ မန္တလေးတို့မှာ လက်ရှိတိုင် စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

January 31, 2026
မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို...
January 30, 2026
နယ်ခြားစောင့်တပ် BGF မှ ပြောင်းလဲဖွဲ့စည်းထားတဲ့ ကရင် အမျိုးသားတပ်မတော် (KNA) တပ်တွေဟာ...
January 29, 2026
ကချင်ပြည်နယ်အတွင်းသာ မှတ်ပုံတင်ထားတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံံ့ဖြိုးတိုးတက်ရေးပါတီ...
January 28, 2026
ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ ကျားနီပါတီ(TNDP) မှ ကိုယ်စားလှယ်လောင်း...