စစ်ကော်မရှင် ဝါဒဖြန့်အကောင့်များ ပိတ်ပေးရန် လူမှုပလက်ဖောင်များအား JFM တောင်းဆို

စစ်ကော်မရှင် ဝါဒဖြန့်အကောင့်များ ပိတ်ပေးရန် လူမှုပလက်ဖောင်များအား JFM တောင်းဆို

Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက် ပလက်ဖောင်းများအား စစ်ကော်မရှင်၏ ဝါဒဖြန့်ချိရေး နှင့် စီးပွားရေး ယန္တရားများ ပိတ်ပင်ပေးရန် တောင်းဆိုလိုက်သည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်နှင့် ဝါဒဖြန့်ချိရေးအတွက် နိုင်ငံတကာပလပ်ဖောင်းများ ကို အသုံးချနေခြင်း ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်များကို အရေးယူပေးရန် JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ပြောသည်။

၎င်းက “Google Play Store နဲ့ Apple App Store တို့မှာ မိုင်တဲလ်လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အခွန်ဝင်ငွေ တို့အတွက် တိုက်ရိုက်ပံ့ပိုးနေတဲ့ Mytel အပ်ပလီကေးရှင်းများကို လက်ခံပေးထားပါတယ်။ TikTok နဲ့ Telegram တို့ကလည်း MRTV ကဲ့သို့သော ဝါဒမှိုင်းဖြန့်အကောင့်များကို လက်ခံပေးထားလျက်ရှိပါတယ်။ ကျမတို့အနေနဲ့ ဒီပလပ်ဖောင်းအားလုံးကို ဆက်သွယ်ထားပြီး၊ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်၏ ဝါဒမှိုင်းဖြန့်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုနေသည့် အကောင့်များနှင့် အပလီကေးရှင်းများကို ချက်ချင်းပိတ်ပင်ပေးရန် Alphabet၊ Apple၊ TikTok နှင့် Telegram စသည့် ကမ္ဘာ့နည်း ပညာ ကုမ္ပဏီကြီးများကို Justice For Myanmar (JFM) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta ကုမ္ပဏီသည် စစ်တပ် ထိန်းချုပ်ထားသည့် စီးပွားရေးနှင့် ဝါဒဖြန့်ချိရေးဆိုင်ရာ စာမျက်နှာ၊ ဂရုနှင့် ပရိုဖိုင်းအကောင့် စုစုပေါင်း ၂၇၀ ခုကို ၎င်းတို့၏ မူဝါဒအရ ဖယ်ရှားခဲ့ကြောင်း JFM က ထုတ်ပြန်ထားသည်။

အဆိုပါ ဖယ်ရှားခံရမှုတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်သော MEC နှင့် MEHL လက်အောက်ခံ မိုင်တဲလ် (Mytel)၊ MECtel၊ ဘဏ်များ၊ လူသုံးကုန်အမှတ်တံဆိပ်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများအပြင် ‘A Light for Justice 3’၊ ‘News Service Station’ နှင့် ‘Myanmar Information Community’ ကဲ့သို့သော စစ်တပ်ဝါဒဖြန့် အကောင့်များလည်း ပါဝင်သည်။

မရတနာမောင်က “မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းတွေကို Facebook နဲ့ အခြား လူမှုကွန်ရက် ပလက် ဖောင်းတွေက အရေးယူပိတ်ပင်မှုက အလွန်အရေးပါပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေက မင်းအောင်လှိုင်လို စစ်ရာဇဝတ်ကောင်တွေကို တိုက်ရိုက် အကျိုးအမြတ်ရှာဖွေပေးနေတာ ဖြစ်ပြီး၊ ပြစ်ဒဏ်လွင်းကင်းခွင့်ဖြင့် ပြည်သူတွေကို သတ်ဖြတ်နေတဲ့စစ်တပ်အတွက် အခွန်ဝင်ငွေစီးကြောင်းလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်၏ စီးပွားရေးနှင့် ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Meta က ယခုလဆန်းပိုင်းတွင် ဖယ်ရှားခဲ့သလို၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း YouTube၊ MediaFire နှင့် X (Twitter) တို့က MITV၊ MRTV နှင့် ရတနာပုံသတင်းစာ အပါအဝင် ဝါဒဖြန့်အကောင့် ၂၈ ခုကို ဖယ်ရှားခဲ့ကြသည်။

အဆိုပါ အကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ကျူးလွန်မှုများအတွက် ပံ့ပိုးကူညီနေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြထားသည်။

JFM အနေဖြင့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းများကို နည်းပညာပလပ်ဖောင်းအသီးသီးမှ ဖယ်ရှားနိုင်ရေး အတွက် ဆက်လက် တွန်းအားပေးသွားမည် ဖြစ်ပြီး၊ အများပြည်သူများ အနေဖြင့်လည်း မိမိတို့တွေ့ရှိသည့် စစ်အုပ်စု၏ ဝါဒဖြန့်လုပ်ငန်းနှင့် စီးပွားရေးအကောင့်များကို အသိပေးပေးပို့ကြရန် တိုက်တွန်းထားသည်။

မကွေးတိုင်း မင်းလှတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ် စစ်ကြောင်းပျက်၊ ၂၀ ကျော် သေဆုံး
August 28, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းသို့ ဦးတည်လာသည့် စစ်အုပ်စုတပ်...
 ဓါတ်ပုံ - (ပုံဟောင်း / Crd)
August 28, 2026
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု...
August 27, 2026
ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲခံထားရသည့် နေရာအနီးဝန်းကျင်ရှိ သီးနှံ၊ အစား...
ဓာတ်ပုံ - Crd
August 27, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ရွှေကူနှင့် ကသာမြို့နယ်များတွင် စစ်အုပ်စုတပ်၏...