ကိန္နရီပညာရေးစင်တာကနေ ကရာတေးအားကစားသင်တန်းကို ၃ လကြာ ပြုလုပ်ပေးခဲ့

ကိန္နရီပညာရေးစင်တာကနေ ကရာတေးအားကစားသင်တန်းကို ၃ လကြာ ပြုလုပ်ပေးခဲ့

ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ ပြုလုပ်ပေးခဲ့တယ်လို့ KEC ရဲ့ တာဝန်ခံ ဒေါအေရီရယ် က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“သင်တန်းက နိုဝင်ဘာလ ၂၀၂၅ ကနေ ဇန်နဝါရီ ၂၀၂၆ အထိပါ။ ပြီးတော့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အ.ထ.က ဂလူဆို့ယိုသာကျောင်းနဲ့ ကိန္နရီပညာရေးစင်တာ နှစ်ကျောင်း ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ “လို့ KEC ရဲ့ တာဝန်ခံ ဒေါအေရီရယ် က ဆိုပါတယ်။

ပြိုင်ပွဲကိုတော့ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာမှာ ပြုလုပ်ခဲ့ကာ အမျိုးသား ဝိတ်တန်းနှစ်ခု၊ အမျိုးသမီး ဝိတ်တန်း သုံးခုခွဲ ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကရာတေး အားကစား ပြုလုပ်ခဲ့တဲ့ရည်ရွယ်ချက်ကိုလည်း ကျောင်းတာဝန်ခံ ဒေါအေရီရယ်က အခုလို ဆက်ပြောပါတယ်။

“ကရာတေးအားကစားကို လူငယ်မျိုးဆက်သစ်တွေကြားမှာ ပြန့်ပွားစေဖို့နဲ့ အရေးကြုံလာရင် မိမိကိုယ်ကိုကာကွယ်တတ်စေဖို့ ရည်ရွယ်ပြီးသင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲ အစီစဥ်မှာတော့ DoveKK Founder ဆရာနိုင်းနိုင်းနိုဗန်မှ အမှာစကားပြောကြားတာ၊ သင်တန်းသားတွေကို သင်ကြားပြသပေးတဲ့ ဆရာမဖြစ်သလို ပြိုင်ပွဲနေ့မှာလည်း ဒိုင်အဖြစ် ဦးဆောင်ပါဝင်သူ ဆရာမနော်အေပရယ်ဖော မှ ကရာတေးသမိုင်းကြောင်း ပြောကြားတာ၊ကိန္နရီပညာရေးစင်တာ ကျောင်းသူ/ကျောင်းသားများမှ ကရာတေးအခြေခံသရုပ်ပြကွက်များ ပြသတာအပြင် တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ကရာတေးအားကစားသင်တန်းကိုတော့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃၄ ဦး တက်ရောက်ခဲ့ကြတယ်လို့ ကျောင်းတာဝန်ခံဆီကနေ သိရပါတယ်။

April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...
April 21, 2026
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၂) မှာ ဧပြီ ၁၉ ရက်နေ့မှာ နေအိမ် ၄ လုံး...
April 20, 2026
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက...
ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...