အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြား၊ တိုင်ကြားကြဖို့ KNWO ပြော

အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောကြား၊ တိုင်ကြားကြဖို့ KNWO ပြော
ဓါတ်ပုံ - KNWO
ဓါတ်ပုံ - KNWO

စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရတဲ့အခါ ထုတ်ဖော်ပြောကြားဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ တိုင်ကြားဖို့အရေးကြီးကြောင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ ဥက္ကဋ္ဌ မော်ဖရေမြာက ပြောပါတယ်။

“ဒီဟာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပထမက ကိုယ့်ကိုကာကွယ်ဖို့အတွက် များများ လေ့လာရမှာ တခုရယ်။ ပြီးရင် ခံရပြီဆိုလို့ရှိရင်တော့ ကျမတို့ရယူသင့်တဲ့ နေရာကို တိုင်ကြားတာ ၊ လွဲပြောင်းတာ၊ ပူးပေါင်းပါဝင်တာ၊ ထုတ်ဖော်ပြောတာတွေကတော့ အရေးကြီးတယ်ပေါ့နော်။”လို့ မော်ဖရေမြာက ဆိုပါတယ်။

အခုလို အကြမ်းဖက်မှုနဲ့ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတပြီး ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ဖို့ကိုသာ တောင်းဆိုချင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အိမ်တွင်းဖြစ်စေ အိမ်အပြင်ဖြစ်စေ အကြမ်းဖက်ခံရပြီဆိုရင် အမျိုးသမီးတွေအတွက် ထိရောက်လေးနက်တဲ့ ဥပဒေတစ်ရပ် ခိုင်မာအောင်တည်ဆောက်ဖို့ရယ် အကြမ်းဖက်ခံရတာနဲ့ ချက်ချင်းအရေးယူ ပေးနိုင်ဖို့ပေါ့နော်။ အဲ့လို ဆောင်ရွက်ဖို့လည်း ရပ်ကွက်တိုင်း စစ်ရှောင်နေရာတိုင်းမှာ အမျိုးသမီးရေးရာအဖွဲ့ အနည်းဆုံးတစ်ဦးထားပေးတာ ပညာပေးတာ အိမ်တွင်းအကြမ်းဖက်ခံရရင် လာတိုင်ဖို့ ပြောထားပေးဖို့ ဖြစ်စေချင်တယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်မှုကို ကြုံတွေ့ရတဲ့ အမျိုးသမီးတွေကို အကာကွယ်ပေးနိုင်ဖို့အတွက်ကလည်း ကြုံတွေ့ရသူအမျိုးသမီးတွေကိုယ်တိုင် ဖွင့်ဟတိုင်ကြားမှုတွေလုပ်သင့်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တချို့လည်း တကယ်မတိုင်ကြားရဲတာလည်း ရှိတာပေါ့။ မတိုင်ကြားရဲတာကလည်း တချို့က ကိုယ့်လုံခြုံရေးကြောင့်ဖြစ်မယ်။ တချို့က ကိုယ့်ဂုဏ်သိက္ခာကြောင့် ဖြစ်နိုင်တယ်လို့မြင်တယ်။ တိုင်ကြားမှုကတော့ လုပ်သင့်ပါတယ်။ ဒါမှလည်း အဖွဲ့အစည်းက တစုံတခု လုပ်ပေးနိုင်လိမ့်မယ်ပေါ့။”လို့ နောက်ထပ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းကာလ ၅ နှစ်အတွင်းမှာလည်း စစ်ကော်မရှင်ရဲ့ စစ်ပဋိပက္ခကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အမျိုးသမီးပေါင်း ၈၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်းကိုလည်း မြန်မာ့အမျိုးသမီး သမဂ္ဂ အဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။ အဲ့ဒီ သေဆုံးသူတွေထဲ ကရင်နီက ၃၁ ဦးပါဝင်ခဲ့ပါတယ်။

Most read this week

ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...
ဓါတ်ပုံ-ဒေသခံ
January 27, 2026
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ...
January 26, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဝါဘန်းပလို (Leadership Promotion Department –...