ဆိုမိုဖေစိုး‌လေးမှာ အရေပြားရောဂါအဖြစ်များနေပြီး ကုသဖို့ ဆေးဝါးအရေးပေါ်လိုအပ်

ဆိုမိုဖေစိုး‌လေးမှာ အရေပြားရောဂါအဖြစ်များနေပြီး ကုသဖို့ ဆေးဝါးအရေးပေါ်လိုအပ်
ဓါတ်ပုံ-ဒေသခံ
ဓါတ်ပုံ-ဒေသခံ

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ပြန့်ပွားတာကို ကုသဖို့ ဆေးဝါးမလုံလောက်တော့ဘူးလို့ ဆေးကု‌ပေးနေသူတွေက ပြောပါတယ်။

သက်ဆိုင်ရအုပ်ချုပ်ရေးအဖွဲ့တွေက ဆေးဝါးထောက်ပံ့မှု မရှိတဲ့အတွက် ဆေးခန်းကိုလာပြတဲ့ လူနာတွေထည့်တဲ့ အလှူငွေကနေပဲ လိုအပ်တဲ့ဆေးကို ပြန်ဝယ်ထည့်နေရပြီး အရေပြားကူးစက်သူတွေအတွက် ဆေးကုသဖို့ မလုံလောက်တော့ဘူးလို့ ကျန်းမားရေးတာဝန်ခံ မော်မဲမိုက ပြောပါတယ်။

“ကျမတို့က တအားဖြစ်တဲ့သူပဲ ပေးနိုင်တယ် အခုက ရှိကို မရှိတာ။ ပေးဖို့ သောက်ဆေးမရှိဘူး။ လိမ်းဆေးမရှိဘူး။ ထိုးဆေးမရှိဘူး။ ဒီနောက်ပိုင်း နေပိုပူပြင်းလာမယ်ဆို (အနာ) ပိုပြီးများလာမယ်ထင်တယ်။ အခုကျမတို့ ဒိုနာ(အလှူရှင်) ရှာနေတာ ဖြေရှင်းချင်လို့ပေါ့နော” လို့ ကျန်းမာရေး တာဝန်ခံ မော်မဲမို က ပြောပါတယ်။

လူကြီးတွေကတော့ တကိုယ်ရည်သန့်ရှင်းမှု ဆောင်ရွက်နိုင်တာဖြစ်လို့ ကူးစက်မှု သိပ်မရှိပေမဲ့ ကလေးငယ်တွေမှာတော့ ပြင်းပြင်းထန်ထန် ကူးစက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အရည်ပြား အနာ နည်းနေတဲ့သူတွေကို လိမ်းဆေး၊ သောက်ဆေးတွေပေးနေတာဖြစ်ပြီး အနာပြင်းထန်တဲ့သူတွေကိုတော့ ထိုးဆေး‌ပေးနေရတယ်လို့ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသားတဦးကလည်း ပြောပါတယ်။

“အနာတွေက ပြည်တွေရှိတယ်။ ပြီးတော့ တခါတလေ သူတို့က နေမကောင်းဘူး၊ အဖျားတွေလည်း ရှိတယ်။ ပြီးတော့ သူတို့က အစားအသောက်တွေ ပျက်တယ်။ ဘာဖြစ်လဲဆို ခြေလက်တွေဖြစ်နေကျ‌တော့ သူတို့လည်း စားသောက်လို့ အဆင်မပြေဘူးရော။ ကျနော်တို့က အများအားဖြင့် ပိုးသတ်ဆေးတွေတော့ ပေးတယ်။ ပြီးတော့ ထိုးဆေးတွေလည်းပေးတယ်။ ဒါပေမဲ့ ဖြစ်တာ သက်တမ်းကြာလာတော့ ကျနော်တို့ ဆေးဝါးက မလုံလောက်ဘူး အဲလိုမျိုးဖြစ်သွားတယ်” လို့ ဆေးကုပေးနေသူက ပြောပါတယ်။

အနာကိုလည်း ပုံမှန်ဆေးနဲ့ သန့်ရှင်းရေးလုပ်ပေးရတဲ့အတွက် ဆေးဝါးပေးနိုင်မှုက နည်းလာနေတယ်လို့ပြောပါတယ်။ ဆိုမိုဖေစိုးလေးမှာ အလှူရှင်တွေရဲ့ အကူအညီနဲ့ အခကြေးငွေမယူပဲ ဆေးဝါးကုသမှုကိုပြုလုပ်ခဲ့ကြပေမဲ့ အချိန်ကြာလာတော့ ကုန်ကျစရိတ်များတဲ့ ထိုးဆေးတို့လို ဆေးဝါးမျိုးကိုတော့ အခကြေးငွေပြန်ကောက်ရတယ်လို့ ဆိုပါတယ်။

အရည်ပြား ယားနာတာ၊ ပြည်တည်တာတွေက ဆိုဖိုဖေစိုးလည်း အပါအဝင် ကရင်နီတပြည်လုံးအတိုင်းအတာနဲ့ ရာသီမရွေး ဆက်တိုက်ဖြစ်ပွားနေကြပါတယ်။ ဒါ့ကြောင့် ဆေးဝါးထောက်ပံ့မှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဆီကရနိုင်ဖို့ကိုလည်း ဒေသခံတွေက လိုလားနေကြပါတယ်။

March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...