၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (၇၉၂) ဦးသေဆုံးခဲ့ရတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး (၈) ဦးလည်း ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့် ၅ ဦး၊၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိမှုတွေကြောင့် ၃ ဦး နဲ့ ကျည်ထိမှန်မှုကြောင့် ၃ ဦး သေဆုံးခဲ့ရတယ်လို့BWU က ဖော်ပြထားပါတယ်။

အသက်ဆုံးရှုံးမှုနှုန်းမှာလည်း စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းက အမျိုးသမီး သေဆုံးမှုနှုန်းက တခြားပြည်နယ် တိုင်းက ဒေသတွေထက် သေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ပဋိပက္ခတွေနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု နှိပ်စက်ခံရမှု ကျည်ထိမှန်မှု တွေကြောင့်လည်း တစ်နှစ်တာအတွင်း ထိခိုက်ဒဏ်ရာရသူ ၈၁၅ ဦးအထိ ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရှင်သန်လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှုနဲ့ ကုစားမှုတွေ အာမခံချက်ပေးခြင်းဖြင့် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံးရပ်တန့်နိုင်အောင် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တောင်းဆို တိုက်တွန်းတဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြထားပါတယ်။

January 15, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့...
January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...
January 14, 2026
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး...
January 13, 2026
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်...