၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (၇၉၂) ဦးသေဆုံးခဲ့ရတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး (၈) ဦးလည်း ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့် ၅ ဦး၊၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိမှုတွေကြောင့် ၃ ဦး နဲ့ ကျည်ထိမှန်မှုကြောင့် ၃ ဦး သေဆုံးခဲ့ရတယ်လို့BWU က ဖော်ပြထားပါတယ်။

အသက်ဆုံးရှုံးမှုနှုန်းမှာလည်း စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းက အမျိုးသမီး သေဆုံးမှုနှုန်းက တခြားပြည်နယ် တိုင်းက ဒေသတွေထက် သေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ပဋိပက္ခတွေနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု နှိပ်စက်ခံရမှု ကျည်ထိမှန်မှု တွေကြောင့်လည်း တစ်နှစ်တာအတွင်း ထိခိုက်ဒဏ်ရာရသူ ၈၁၅ ဦးအထိ ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရှင်သန်လွတ်မြောက်လာသူတွေ အတွက် တရားမျှတမှုနဲ့ ကုစားမှုတွေ အာမခံချက်ပေးခြင်းဖြင့် ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံးရပ်တန့်နိုင်အောင် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တောင်းဆို တိုက်တွန်းတဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...