လွိုင်ကော်မြို့မှာ စစ်ကော်မရှင်က ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲ ကျင်းပနေ

လွိုင်ကော်မြို့မှာ စစ်ကော်မရှင်က ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲ ကျင်းပနေ
ဓါတ်ပုံ - TikTok၊ ပေးပို့
ဓါတ်ပုံ - TikTok၊ ပေးပို့

စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး လွိုင်ကော်မြို့မှာ စတင်ကျင်းပနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်နေ့ ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အားကစားပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ ၊ ဌာနဆိုင်ရာ ပြခန်း ၊ ဖျော်ဖြေရေး နဲ့ ဈေးရောင်းပွဲ အစီအစဉ်တွေနဲ့ ကျင်းပသွားမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

" စက်ဘီးစီးပြိုင်ပွဲ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် က စဖွင့်တယ် ။ တာ အရင်ဝင်တဲ့ လူကို မပေးလို့ဆိုပြီး စကားများနေကြတာတွေ့တာပဲ "လို့ လွိုင်ကော်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

ဇန်နဝါလရီလ ၁၀ ရက်နေ့ ညပိုင်းကစပြီး ရပ်ကွက်အလိုက်၊ စာသင်ကျောင်းအလိုက် ကိုယ်စားပြုအဖွဲ့တွေပါဝင်တဲ့ ရိုးရာအက ယှဉ်ပြိုင်မှု အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ပြည်နယ်ခန်းမနဲ့ နောင်ယားကန် စတဲ့ ၂နေရာမှာ ခွဲပြီး ကျင်းပနေတာပါ။ စျေးတန်းဆိုင်တွေကို နောင်ယားကန်မှာ ပြုလုပ်ပြီး ပြခန်းနဲ့ တိုင်းရင်းသားအက ဖျော်ဖြေရေးအစီအစဉ်ကို ပြည်နယ်ခန်းမမှာ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

" အာဏာ မသိမ်းခင်ကလောက်တော့ မစည်ပေမယ့် လူတွေတော့ ရှိကြပါတယ်။ show ပွဲတော့ ၃ ညလုံးရှိတယ်"လို့ အမည်မဖော်လိုသူ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှာ တေးသီချင်း ဖျော်ဖြေရေးအစီအစဉ် စတင်ပြုလုပ်နေပြီး နယ်ခံအဆိုရှင်တွေက ဖျော်ဖြေတင်ဆက်ကြတယ်လို့ ဆိုပါတယ်။ လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ နာမည်ကြီး အဆိုတော်တွေ လာရောက်ဖျော်ဖြေမယ်လို့ သိရပြီး မည်သူမည်ဝါ လာရာက်မယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ကို ပြခန်းအနည်းစုနဲ့ ကျင်းပပြုလုပ်ခဲ့သလို အုပ်ချုပ်ရေး နဲ့ စစ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ၊ အုပ်ချုပ်ရေးမှူးတွေနဲ့သာ အခမ်းအနားကို အကျဉ်းချုံး ပြုလုပ်သွားခဲ့တာပါ။ ယခုနှစ်ပွဲမှာတော့ ပွဲကို ဖျော်ဖြေရေး ၊ ဈေးဆိုင်တန်းတွေနဲ့ စည်စည်ကားကား ပြန်လည်ကျင်းပနေတာလို့ မြို့ခံတွေက ပြောပါတယ်။

မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...
June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...