ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန် ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ANDP- Japan)က အလှူငွေကောက်ခံနေသည်ဟု သိရသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အိုစုခဘူတာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်(တနင်္ဂနွေနေ့) နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တစ်‌နေ့တာအတွင်း အလှူငွေ ယန်း 190291(ဆယ့်ကိုးသောင်းနှစ်ရာ့ကိုးဆယ်တစ်ယန်းတိတိ)၊ လက်ရှိ‌မြန်မာ‌ငွေဈေး ခန့်မှန်းချက်အရ ကျပ်သိန်း ၁၀၀ ခန့်ကို ရရှိခဲ့ကြောင်းလည်း ANDP – Japan ၏ အကြံပေး ကိုဘုန်းမြင့်က နိရဉ္စရာကို ပြောသည်။

"အာရက္ခပြည်သူတွေရဲ့ အခက်အခဲတွေဟာ ပြည်ပရောက် အာရက္ခပြည်သူတိုင်းနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်ထားတယ်။ လက်ရှိအလှူက‌တော့ မြောက်ဦးပြည်သူ့ဆေးရုံကို အကြမ်းဖက် စကမတပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ သေဆုံးသွားခဲ့တဲ့ ကျန်ရစ်သူမိသားစုဝင်တွေ၊ ဒဏ်ရာရသွားကြတဲ့ မိသားစုဝင်တွေအတွက် ရည်ရွယ်ပြီးတော့ လှူဒါန်းသွားမယ်"ဟု ပြောသည်။

အဆိုပါအလှူငွေများကောက်ခံမှုအစီအစဉ်တွင် ရခိုင်အပါအဝင် ဂျပန်လူမျိုးများ၊ ယောလူမျိုးများ၊ ကရင်နီ၊ ကရင်၊ ရှမ်းလူမျိုးများ စသည့် ဂျပန်ရောက် မြန်မာသွေးချင်းတိုင်းရင်းသား ညီကိုမောင်နှမများက ပူးပေါင်းပါဝင်ကူညီကောက်ခံပေးခဲ့ကြသည်ဟု သိရသည်။

ယခုအလှူကောက်ခံမှုကို ဇန်နဝါရီလ ၁၁ ရက်မှ ဇန်နဝါရီလ ၂၅ ရက်အထိ ကောက်ခံသွားမည်ဟုလည်း ကိုဘုန်းမြင့်က ထပ်ပြောသည်။

"အာရက္ခနိုင်ငံတော်ထူထောင်တဲ့အချိန်ကာလမှာ ကျွန်တော်တို့အပါအဝင် ပြည်ပမှာရောက်နေကြတဲ့ အာရက္ခပြည်သူတိုင်းဟာ ကိုယ်နိုင်တဲ့အခန်းကဏ္ဍက ပါဝင်ကူညီသင့်တယ်လို့ ယုံကြည်တယ်။ အခုလို အလှူ‌ငွေတွေကောက်ခံပြီး လှူဒါန်းပေးနေတာနဲ့ပတ်သက်ပြီးတော့ အာရက္ခပြည်သူတွေနဲ့ ကျွန်တော်တို့က တသွေးတည်း တသားတည်းရှိနေတာကို ထပ်ပြီးတော့ ပြောချင်ပါတယ်"ဟု ပြောသည်။

မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀)ရက်၊ ည ၉ နာရီကျော်တွင် စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှုကြောင့် သေဆုံးသူ ၃၄ ဦးနှင့် ဒဏ်ရာရသူ ၇၆ ဦးရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။

မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအပါအဝင် ရခိုင်တွင် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၃၁ ရက်အထိ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကော်မရှင်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၈၅ ဦးသေဆုံးပြီး ၄၇၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နိရဉ္စရာက ကောက်ခံထားသည့်စာရင်းအရ သိရသည်။

ဓာတ်ပုံ - ANDP- Japan

Most read this week

January 31, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရခိုင်ဒေသခံ ရေလုပ်သား...
January 30, 2026
(စစ်ကော်မရှင်တပ်သားအများအပြား အကျအဆုံးများစွာဖြင့် စခန်းမှဆုတ်ခွာထွက်ပြေးသွား) ခိုင်လူလှ (...
January 29, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်းဖက် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 28, 2026
သဉ္ဇာနွယ် — ရခိုင်ကမ်းရိုးတန်းတွင် အကြီးမားဆုံး ရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူအခြေစိုက် ဓည၀တီ...