ကျားဖြန့်ကြောင့် ဖားအံဟိုတယ်ခများ ဆက်လက်မြင့်တက်

ကျားဖြန့်ကြောင့် ဖားအံဟိုတယ်ခများ ဆက်လက်မြင့်တက်

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ရှောင်တိမ်းပြီး ဖားအံမြို့ပေါ်တွင်လာရောက်တည်းခိုကြသည့် ကျားဖြန့်လုပ်သားများကြောင့် မြို့ပေါ်ဟိုတယ်နှင့်တည်းခိုခန်းခများ ဈေးဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ထိုင်းမြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့က နှိမ်နင်းပြခြင််းကြောင့် ၎င်းလုပ်သားအများစု၊ ဖားအံမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြပြီး အခန်းခများလည်း အဆမတန်ဈေးတက်သွားသည်ဟု မြို့ခံတို့ကဆိုသည်။

“တရုတ်တွေရော၊ ရှမ်းပြည်မှတ်ပုံတင်ကိုင်သူတွေရော၊ မြန်မာတွေရော ဖားအံဆင်းပြီးရှောင်ကြတာ။ အရင် ဟိုတယ်ဆို တစ်သိန်းခွဲ၊ တည်းခိုခန်းဆို ငါး‌သောင်းအများဆုံးပဲ။ အခုက တစ်ရက်၃သိန်းကျော်အထိဈေးတက်တယ်။ တည်းခိုခန်းက တစ်ညတစ်သိန်းပတ်ခြာလည်ဖြစ်ကုန်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖားအံခရီးသွားလုပ်ငန်းသတင်းအရင်းအမြစ်အရ လာရောက်တည်းခိုကြသည့် ကျားဖြန့်လုပ်သားများတွင် တရုတ်နိုင်ငံသား အရေအတွက်အများဆုံးဖြစ်သည်။ ထို့အပြင် ကျားဖြန့်များကြောင့် ဟိုတယ်နှင့်ကြိုတင်ချိတ်ဆက်မှုမရှိဘဲ ခရီးသွားရာသီအတွင်း မြို့တွင်းမှဖားအံသို့လာရောက်လည်ပတ်လိုသူများ အခန်းငှားမရအခြေအနေထိရှိကြောင်းလည်း မြို့ပေါ်ဟိုတယ်ဖွင့်လှစ်လုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

ဟိုတယ်ပိုင်ရှင် မြို့ခံတစ်ဦးက “ရန်ကုန်တို့ မန္တလေးတို့လို ပြည်တွင်းကနေအလည်လာပြီးတည်းဖို့ တစ်ပတ်လောက်အခန်းကြိုဌားမှရတယ်။ ဖားအံရောက်မှအခန်းရှာရင် အခန်းမရတာများတယ်။ တရုတ်တွေကလပြတ်နဲ့ဌားနေကြတာ။”ဟု ကေအိုင်စီကိုပြောသည်။

ကရင်ပြည်နယ်၊ ခရီးသွားလုပ်ငန်းသတင်းအရင်းအမြစ်များအရ လက်ရှိဖားအံတွင် ဟိုတယ်နှင့်တည်းခိုခန်းနေရာ ၆၀ ဝန်းကျင်ရှိသည်။ ထိုအထဲတွင် ဇွဲကပင်ဟိုတယ်၊ ကန်သာယာဟိုတယ်စသည်တို့အပြင် ကမ်းနားလမ်းရှိဟိုတယ်များနှင့် ဇွဲကပင်တောင်ကြားလမ်းဟိုတယ်ခြံဝင်းများ၌ လက်နက်ကိုင်အစောင့်ရှောက်များဖြင့်နေထိုင်သည့် ကျားဖြန့်လုပ်ကိုင်သူများလည်းရှိနေသည်ဟု နီးစပ်ရာမြို့ခံတချို့ကဆိုသည်။

Most read this week

Photo: CJ
February 18, 2026
မြန်မာမှ ထိုင်းသို့ မြဝတီ-မဲဆောက်တံတားမှတစ်ဆင့် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border...
Photo: KNU
February 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ...
February 16, 2026
ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့်...
February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...