မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများအား အရေးယူမည်ဟု စစ်ကော်မရှင် ပြော

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများအား အရေးယူမည်ဟု စစ်ကော်မရှင် ပြော

ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လာလျှင် ကန့်ကွက်သူများကို အရေးယူရန် အမိန့်ကြော်ငြာစာများကို စစ်ခေါင်းဆောင်ဦးဆောင်သည့် ကာလုံရုံးမှ ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၆ ရက်) ရက်စွဲဖြင့် ယနေ့ (ဒီဇင် ဘာလ ၁၉ ရက်)တွင် ထုတ်ပြန်ထားသည်။

“ရပ်တန့်နေတဲ့ ဆက်မလုပ်ဖြစ်တဲ့ စီမံကိန်းတွေ ဆက်လုပ်ဖြစ်ဖို့ အမိန့်ကြော်ငြာစာထုတ်ပေးလိုက်တဲ့စာပါ။ ကန့်ကွက်သူတွေရှိလို့ အခုလိုထုတ်လိုက်တာ”ဟု နေပြည်တော်စစ်တပ် အရင်းအမြစ်က မဇ္စျိမသို့ ပြောသည်။

ကြော်ငြာစာထဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များအပါအဝင် နေပြည်တော်ကောင်စီဆိုသည့် စကားရပ်ပါပြီး ထို အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စရပ်များအားလုံးကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့် ကွက်ခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့်ဟု စစ်ကော်မရှင်ဘက်က အကြောင်းပြချက်ပေးထားသည်။

“အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်လာတဲ့သူမှန်သမျှ ဖမ်းဆီးအရေးယူမယ်ဆိုတာက ကျယ်ပြန့်တဲ့ အမိန့်အာဏာပဲ”လို့ တရားလွှတ်တော်ရှေ့နေတဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် ကန့်ကွက်ခြင်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေပြီး နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မှုများကို အဟန့်အတားဖြစ်စေကြောင်း စစ်ကော်မရှင်ဘက်က အကြောင်းပြချက်ပေးထားသည်ကို တွေ့ရသည်။

သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုထားသော လုပ်ငန်းများ၊ စာချုပ် စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများရှိလာသည်ဆိုလျှင်လည်း ယင်းကန့်ကွက်မှုကို ထည့်သွင်းစဉ်းစား သုံးသပ်ရန် မလိုအပ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ထို့အပြင် သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေရမည့်အပြင် သက်ဆိုင်ရာလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမည်ဟု သိရသည်။

အမိန့်ကြော်ငြာစာကို ကာလုံအမှုဆောင်ချုပ် အောင်လင်းဒွေး လက်မှတ်ဖြင့် ထုတ်ပြန်ထားပြီး နိုင်ငံတော်ပြန်တမ်းကတဆင့် ချက်ချင်းထုတ်ပြန်ခဲ့ခြင်းကိုကြည့်လျှင် ဧရာဝတီမြစ်ဆုံအပါအဝင် နိုင်ငံတော်အဆင့် အရေးကြီးစီမံကိန်းများအား စစ်ကော် မရှင်ဘက်က အရှိန်မြှင့်တင်ရန်ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ကောက်ချက်ချသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ရောက်ခဲ့သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧရာဝတီမြစ်ဆုံစီမံကိန်းကို မိမိတိုင်းမှူးလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သည့် အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင်ရှိသည့် မြစ်ဆုံစီမံကိန်းကို မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျု ၇ ဒသမ ၁ ခံနိုင်ရည်ရှိစေရန် တွက်ချက်ထားသည့် တမံဟုဆိုကာ မြစ်ဆုံစီမံကိန်းစတင်ရန် ထုတ်ပြန်ခဲ့သေးသည်။

ယင်းထုတ်ပြန်ပြီးသည့်နောက် ကန့်ကွက်မှုများ အုံကြွလာပြီး ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်မလုပ်ရန် တားမြစ်ဝေဖန်မှုများရှိလာခြင်းကြောင်း အရေးယူမည့်ကြော်ငြာစာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ရေးသတင်းအရင်းအမြစ် တဦး၏အဆိုအရ သိရသည်။

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...