ဖယ်ခုံ-ပင်‌လောင်းနယ်စပ် တောင်စလုံးကျေးရွာကို စစ်တပ်နှင့် PNO မီးထပ်ရှို့

ဖယ်ခုံ-ပင်‌လောင်းနယ်စပ် တောင်စလုံးကျေးရွာကို စစ်တပ်နှင့် PNO မီးထပ်ရှို့
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) တွင် ဖယ်ခုံနှင့် ပင်လောင်းမြို့နယ် အစပ်ရှိ တောင်စလုံးကျေးရွာမှ နေအိမ်အချို့ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)တို့မှ ထပ်မံမီးရှို့ ဖျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်စလုံးနဲ့ မြောက်စလုံး ရွာကြားမှာ စစ်ကောင်စီတို့က တပ်စွဲထားတယ်။ ရွာထဲက အိမ်တွေကို မနေ့က သူတို့ထပ်ပြီး မီးရှို့သေးတယ်။ သူတို့က နယ်မြေရှင်းလင်းရေးလုပ်တဲ့ ပုံစံမျိုးနဲ့ ရှို့တာနေမယ်။ ဘယ်ချိန်ကတည်းက မီးစရှို့လည်းတော့ မသိရဘူး၊ မြင်တော့ မြင်ခဲ့ရတယ်။ ဒီနေ့တော့ တိုက်ပွဲအခြေအနေတွေ ငြိမ်နေတယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

အဆိုပါ ဖယ်ခုံ- ပင်လောင်း နယ်စပ်တလျှောက်တွင် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့အကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

အလားတူ ဒီဇင်ဘာလ (၂)ရက်တွင် ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာရှိ နေအိမ်များကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်တွင်လည်း ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ဖယ်ခုံ- ပင်လောင်း နယ်စပ်တကြောရှိ ကျေးရွာ (၁၀) ရွာကျော်မှ လူဦးရေ (၆၀၀၀) ဝန်းကျင်သည် နီးစပ်ရာ တောတောင်နှင့် ကျေးရွာများထံ စစ်ဘေးတိမ်းရှောင် ခဲ့ရသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...