ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံခဲ့ရ

ကလေးမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူငယ် ၁၀ ယောက် ထက်မနည်း ဖမ်းဆီးခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀ ယောက်ထက်မနည်းကို လမ်းမပေါ် ဖမ်းဆီးခေါ်ဆောင်တာတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “မနေ့ညနေ ၄ နာရီခွဲဝန်းကျင်လောက်မှာ စစ်မှုထမ်းအတွက် ၁၀ ယောက်ထက်မနည်း ဆွဲခံရတယ် တာဟန်း ဘက်မှာ ၃ ယောက်၊ ဆိပ်ကမ်းသာ ဘက်မှာ ၄ ယောက် ၊ ရွှေကျောင်းတော်ဘက်မှာ ၃ ယောက် လမ်းမှာပဲ ဆွဲသွားတာ” လို့ ပြောပါတယ်။

ကလေးမြို့မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်မှုထမ်းအတွက် လူငယ်ရှိတဲ့ နေအိမ်တွေကို ညပိုင်းမှာ နေအိမ်ပေါ်အထိ တက်ဖမ်းတာတွေကို အရင်က လုပ်ခဲ့ပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေကို ရပ်နားတာမရှိဘဲ ရရင်ရသလို ဖမ်းဆီးစုဆောင်းတာတွေ ဆက်တိုက် လုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်မှုထမ်းဖို့အတွက် လူငယ်များကို လစဉ်ပေါ်တာဆွဲ ဖမ်းဆီးတာတွေလုပ်နေပြီး စစ်မှုထမ်းအပတ်စဉ် ၂၁ စတင်ဖို့ အတွက်လည်း တခြားတိုင်းဒေသ/ပြည်နယ်တွေမှာ ဖမ်းဆီးပေါ်တာဆွဲတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...